9
လေးလံတဲ့ ခြေလှမ်းတိုင်းမှာ Baekhyun ဟာ ခရစ်စမတ်ရဲ့ အေးချမ်းမှုကို ခံစားနေရတယ်။
နှေးနှေးနဲ့မှန်မှန်လျှောက်လှမ်းလာတဲ့ လမ်းကြားလေးမှာတော့ ခရစ်စမတ်ရဲ့ တေးသံသာတွေ ကွန့်မြူးနေတုန်းပဲ။ သူရော ခရစ်စမတ်မှာ ပျော်ဖူးခဲ့သလား။ အင်း ပျော်ခဲ့ဖူးတယ်လို့ ထင်ရတာပါပဲ။ အချိန်အတိုင်းအတာ တစ်ခုအထိပေါ့။
အခါများစွာကလိုပဲ မီးရောင်ကင်းမဲ့နေဦးမယ့် အိမ်ကလေးဆီကို သူလှမ်းကြည့်မိလိုက်တယ်
"Chanyeollie ???"
ဒီကောင်လေးက မော့ပိုကိုသွားတာမဟုတ်လား။ လွန်ခဲ့တဲ့ ၃ လက ဗိုက်နာလို့ဆိုပြီးပြန်သွားတဲ့ကောင်လေးကို သူစိတ်ပူပြီး ချာတိတ်အိမ်ကို ဒုတိယအကြိမ်ရောက်ခဲ့တုန်းက Chanyeol ရဲ့ မေမေကိုယ်တိုင်ပြောခဲ့တာပါ။
သူ့အဘွားရှိတဲ့ မော့ပိုကို သွားလိုက်တယ်တဲ့။ ဒါဆို အခုမှ ပြန်ရောက်နေတာလား။ ဒါပေမယ့် ခရစ်စမတ်နေ့မှာမှတော့ ပြန်လာမှာ မဟုတ်လောက်ဘူးမို့လား။ ခပ်ငိုက်ငိုက်ထိုင်နေပုံက Chanyeollie နဲ့ဆင်ပေမယ့် အနည်းငယ် ပိန်ပါးနေတဲ့ ပုံမို့ မသေချာပေ။သူ့ကိုစောင့်နေလောက်ရအောင် ရင်းနှီးသူ၊ တစ်နည်းအားဖြင့် ဒီနေရာလေးကို သိတဲ့သူ ရှိသလား။ သေချာတာက မရှိဘူးဆိုတဲ့ အဖြေတစ်ခုတည်း။
"Hyung"
မျက်ရည်စတွေနဲ့ တကယ့်ကို Chanyeollie ဖြစ်နေခဲ့တာပဲ။
လေးလံစွာထလာတဲ့ ချာတိတ်က ခြေကျင်နေပုံရကာ သူ့ဘက်ကို အနည်းငယ်ပြိုကျလာတာမို့ Baekhyun ကပဲ ထိန်းကိုင်ပေးရလိုက်ရကာ
"ဘာဖြစ်လာတာလဲ ချာတိတ်..
တစ်ခုခုဖြစ်လာလို့လား..""လွမ်းနေခဲ့တာ.."
ဆွဲကပ်လိုက်တဲ့ ခန္ဓာကိုယ်နှစ်ခုမှာ ချက်ချင်းကြီးသတိထားမိလောက်စေတဲ့ ရှည်လျားလာတဲ့ အရပ်အမောင်းရယ် ပိန်ကျသွားတဲ့ ကိုယ်သေးသေးလေးရယ်။
Baekhyun ကတော့ ကလေးတစ်ယောက်ကို နှစ်သိမ့်ပေးသလို ကျောပြင်ကို ခပ်ဖွဖွပုပ်လျှက်
***********
"မယ်ရီ ခရစ်စမတ် Hyung.."
ချမ်းနေပြီဖြစ်တဲ့ Chanyeol ကြောင့် အိမ်ထဲကို အရင်ခေါ်လာကာမှ ရောက်ရောက်ချင်း Baekhyun လက်ကောက်ဝတ်လေး ဆွဲယူလို့ ရစ်ပတ်ပေးလာတဲ့ ခရမ်းနုရောင် ကျောက်လေးတွေနဲ့ လက်ပတ်လေး။
YOU ARE READING
ခရမ်းနုရောင် ရပ်ဝန်း (Soft Purple land)Completed
Fanfictionခါးသက်ခြင်း ဝေးကွာခြင်းတွေနဲ့ မသက်ဆိုင်ပဲ အချစ်ကို ချစ်တယ်လို့ ပြောချင်ယုံ ချစ်ခြင်းမေတ္တာဟာ သူ့သဘာဝလေးအတိုင်း စီးမြောနေပုံကို ဒီအတိုင်း လေးတွဲ့တွဲ့လေး အေးအေးဆေးဆေးလေးလဲ ရေးကြည့်ချင်လာလို့ပါ။ ဘယ်လို ဇာတ်ကွက် မှ ထူးထူးခြားခြား ပါနေမှာမဟုတ်တာကိုတော့ က...