အခန်း-၁၁၇ သေချာစဉ်းစားပြီးမှ ဖြေဆိုပါ။

Depuis le début
                                    

ထိုနှစ်တွင် သူသည် အနန္တအသိပညာစံအိမ်၏ အပေါ်ထပ်ရှိ 'ဇာမဏီ၏ကပ်ဆိုးမီးတောက်' စာအုပ်ကြားတွင် 'ပြန်လည်ထူထောင်ရေးကျမ်းစာ- အသိုက်အမြုံသို့ပြန်သွားခြင်း' ကိုရရှိခဲ့သည်။ ယခုထိတိုင် သူသည် ထိုနည်းပညာစာအုပ်၏ နေရာချထားမှုကို ရှင်းရှင်းလင်းလင်း ပြန်မှတ်မိနေသေးသည်။

သူသည် အနန္တအသိပညာစံအိမ်၏အပေါ်ဆုံးထပ်အထိ တက်လှမ်းခဲ့သည်။ အရှေ့တောင်ထောင့်ရှိ စင်္ကြံနံဘေးတွင် "ပြင်းထန်သောမီးတောက်" ဟူသော ဆိုင်းဘုတ်တစ်ခုရှိသည်။ ကုဖေးတိက အချိန်မဆွဲဘဲ အတွင်းထောင့်စွန်းကို ချက်ချင်း လျှောက်သွားလိုက်၏။ သူသည် စာအုပ်စင်ထိပ်ရှိ သစ်သားသေတ္တာကို ထုတ်ယူရန် လက်လှမ်းခဲ့သည်။

သို့သော်၊ မူလက 'ဇာမဏီ၏ကပ်ဆိုးမီးတောက်' ပါရှိသော သစ်သားသေတ္တာကို ကိုင်လိုက်သောအခါတွင် သူ၏လက်များသည် ရပ်တန့်သွားလေ၏။

သေတ္တာသည် အတော်လေး ပေါ့ပါးပြီး အတွင်းထဲ၌ စာအုပ်ရှိပုံမပေါ်ပေ။

ကုဖေးတိက မနှောင့်နှေးနေဘဲ သစ်သားသေတ္တာကို ဖွင့်ကြည့်လိုက်ရာ သေတ္တာက အမှန်တကယ် ဗလာဖြစ်နေကြောင်း သိလိုက်ရသည်။ အထဲမှာ မူလက ရှိခဲ့သော နည်းပညာစာအုပ်ကို ဘယ်မှာမှ ရှာမတွေ့ပါချေ။

ကုဖေးတိသည် သစ်သားသေတ္တာကို ယူဆောင်ကာ အနန္တအသိပညာစံအိမ်မှ ထွက်သွားပြီး တိလင်းကို ရှာရန် တည့်တည့်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် စုယန်သည် အိပ်ပျော်သွားသော်လည်း သူ့နား၌ တစ်ယောက်ယောက် စကားပြောနေသည်ကို ကြားလိုက်ပုံရသည်။

စူးစူးဝါးဝါးတီးတိုးပြောသံများကြောင့် စုယန်သည် အနည်းငယ် စိတ်ဆိုးစွာ မျက်လုံးများကိုဖွင့်လိုက်သည်။ သူက မျက်မှောင်ကြုတ်ပြီး အဖြူရောင် မျက်နှာကျက်ကို စိုက်ကြည့်လိုက်၏။

အနှီမြင်ကွင်းမျိုးကို သူ မမြင်ရသည်မှာ ကြာလေပြီ။ အဖြူရောင် နံရံများ၊ မျက်နှာကျက် မီးအိမ်များ၊လေအေးပေးစက်နှင့် သူ့ကို နိုးထစေသော အသံအရင်းအမြစ်ဖြစ်သည့်- ကုတင်စွန်းက နံရံတွင် ချိတ်ထားသော တီဗွီသံ။

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Où les histoires vivent. Découvrez maintenant