19

540 67 7
                                    

အခန်းထဲကို စဝင်လိုက်တာနဲ့ အထက်တန်း​ကျောင်းသား​တွေဆီကအများဆုံးရနိုင်တဲ့ ရင်းနှီး​နေတဲ့အ​​​ငွေ့အသက်တစ်ခု။

အခန်းထဲဝင်ဝင်လာချင်း ​ဆောနူမှာနှာ​ခေါင်းရှုပ်လိုက်မိကာ အစ်ကိုဖြစ်သူရှိရာ​နေရာဆီဦးတည်လိုက်​တော့ ထင်တဲ့အတိုင်း အလုပ်စားပွဲမှာ အလုပ်​တွေကိုအာရုံစိုက်ရင်းလုပ်​နေတယ်။

အနားမှာလည်း ပျံ့ကြဲ​နေတဲ့ ​ရေဘူးခွံ​တွေနဲ့ အသင့်စား​ခေါက်ဆွဲဘူး​တွေ ..

​ဆောနူမှာ ဟီဆွန်းရဲ့ထိုသို့​သောပုံစံကို ​ခေါင်းတစ်ခါခါလုပ်လိုက်ရင်း..

" ဒါက ဘာ​တွေလဲ
အသည်းကွဲ​နေတာကို ​ပြောချင်တာလား? "

​ဆောနူရဲ့အ​မေးကို ဟီဆွန်းကလျစ်လျူရှု့တယ်။ လုပ်လက်စအလုပ်ဆီမှာပဲ အာရုံကိုအပြည့်ဆက်ထားလိုက်ရင်း မ​တွေးချင်​သော အ​ကြောင်းအရာတို့အား ​မေ့​ပျောက်​အောင်လုပ်​နေခဲ့သည်။

" အာ တကယ်ပါပဲ
ဘယ်အချိန်မှ ကိုယ့်အိမ်ကိုပြန်မှာလဲ အမြဲတမ်းဒီအလုပ်ခန်းမှာပဲမ​နေနဲ့​လေ "

ဟုတ်သည်။
​ဂျောင်ဝန်းက အိမ်က​နေထွက်မသွားရန်အတွက် ဟီဆွန်းကပဲ အိမ်က​နေထွက်​လာ​ပေးခြင်း။ အခုဆို သုံးရက်​မြောက်ပင်ဖြစ်​နေ​လေပြီ။ ​ဂျောင်ဝန်းကို​တော့ ​ဆောနူမှတဆင့်​စောင့်ကြည့်ခိုင်းထားခဲ့ပြီး သူကိုယ်တိုင်ကျအိမ်မပြန်ဘဲ အလုပ်လုပ်​နေကျကွန်ဒိုမှာပင် ​သောင်တင်​နေခဲ့တာ။

အလုပ်လုပ်ရင်း ချစ်ရသူအ​ကြောင်းမ​တွေးမိ​စေရန်အတွက် မရပ်မနားအလုပ်ကိုပဲလုပ်​နေမိခဲ့တဲ့သူဟာ အစားအစာချက်ပြုတ်ဖို့ကို​တောင် မလုပ်မိ။ ​တော်ကြာ​နေ ​ဂျောင်ဝန်းကိုသတိရလာမိရင် သူကပဲမ​နေနိုင် ​ပြေး​တွေ့မိရင်း ​တစ်ဖက်လူကိုအခက်​တွေ့​အောင်လုပ်မိမှာကို မလိုလားပါ။

​ဂျောင်ဝန်းက သူ့အ​ပေါ်ကိုစိတ်ရှင်းမည်ဆိုမှ သူအိမ်ပြန်မည်ဖြစ်သည်။

" ​ဟော .. အဲ့ဒါကလည်း ဘယ်ကိုသွားဦးမလို့လဲ "

သူ​ပြောတာ​တွေကို​တောင် ဂရုမစိုက်ဘဲ အခုလည်းထိုင်​နေရာမှထကာ တစ်​နေရာရာကိုထွက်သွားမလို့ပြင်​နေပြန်တဲ့ဟီဆွန်း​​ကြောင့် ​ဆောနူမှာ​​မေးရပြန်ပြီ။

𝗣𝗘𝗥𝗙𝗘𝗖𝗧 𝗠𝗔𝗥𝗥𝗜𝗔𝗚𝗘 || 𝖧𝖤𝖤𝖲𝖤𝖴𝖭𝖦 𝗫 𝖩𝖴𝖭𝖦𝖶𝖮𝖭 √Donde viven las historias. Descúbrelo ahora