11

527 67 5
                                    

" မီးကို သင့်တင့်တဲ့အ​နေအထားချိန်ပြီးထားထား​ပေးပါ ကျွန်မကတစ်ချက် လာကြည့်​ပေးပါ့မယ် "

Pottery class အချိန်ဖြစ်တာ​မို့လို့ ​ဂျောင်ဝန်း​ရော မဒမ်လီ​ရော ထို​နေရာတွင်အတူတူရှိ​နေကြခြင်း။ အတန်းရဲ့သင်ပြ​ပေးတဲ့ဆရာမက ထိုစကားအား​ပြောပြီးသည့်​နောက် ပထမဆုံးအ​နေဖြင့် ​ဂျောင်ဝန်းအနားကိုကပ်လာသည်။

​ဂျောင်ဝန်းက နဂိုကတည်းက အနုပညာသမားဖြစ်တာ​ကြောင့် သူ့အတွက် အခုလိုမျိုးသူ့အနုပညာ​ကို​​ပါ တစ်ခါတည်း​ဖော်ထုတ်ပြသနိုင်တဲ့ Pottery ကို စိတ်ဝင်တစားလုပ်​နေသည်ကို မျက်နှာချင်းဆိုင်က မဒမ်လီက​လည်းအကဲခတ်ကြည့်​နေခဲ့တယ်။

သင်တန်းရဲ့ဆရာမက ​ဂျောင်ဝန်းလုပ်ထားတဲ့ Pottery ကို ​သေချာကြည့်​ရှူ့​နေရင်း မျက်ခုံး​တွေပင့်တက်ရ​​အောင်အထိ အံ့သြ​နေခဲ့ရတယ်။ ထို့​ကြောင့် သူမ ​ဂျောင်ဝန်းကို ​မေးခွန်း​တွေအများကြီး မထုတ်ဘဲမ​နေနိုင်ခဲ့ပါ။

" ဘယ်လိုလဲဟင် "

သူလုပ်ထားတဲ့ဟာကို ငြိမ်ပြီးကြည့်​နေခဲ့တဲ့ ဆရာမကို ​ဂျောင်ဝန်းမျက်​တောင်​လေးတခတ်ခတ်ဖြင့်​မေးလိုက်တယ်။ တစ်ပြိုင်နက် ထို​နေရာမှာ ​ယောက္ခမ​လောင်းဖြစ်သူ မဒမ်လီကလည်းရှိ​နေတာ​ကြောင့် ​ဂျောင်ဝန်းအတွက်​တော့ ဆရာမဆီကတုန့်ပြန်လာမယ့်စကားတို့ကို ​မျှော်လင့်တစ်ကြီး​စောင့်ဆိုင်း​နေခဲ့မိပါသည်။

" တကယ် ထူးခြားတာပဲ​နော်
ဘယ်လိုလဲ Pottery က စိတ်ဝင်စားဖို့​ကောင်းလား "

ထိုအ​မေးကို ​ဂျောင်ဝန်းစိတ်ထဲရှိသလို ​ခေါင်းတစ်ညိမ့်ညိမ့်ဖြင့်ပြန်​ဖြေလိုက်ပါသည်။

" ​စိတ်​တွေရှုပ်​နေတဲ့အချိန်ဆိုရင် ဒါက​ကောင်းမယ်ထင်တယ်။ တစ်ခြားအရာ​တွေကို မ​တွေးမိလို့​လေ "

" ပန်းချီ​တွေလိုမျိုးလား ? "

ဆရာမဆီကအ​မေးကို ​ဂျောင်ဝန်းပြုံးမိလိုက်တယ်။ သူ့ရဲ့စိတ်​တွေကို ကြိုသိ​နေသလိုမျိုးနဲ့ အမြဲ​ပြော​ပေး​နေတတ်တဲ့ဆရာမဆီက​နေ သူ​နွေး​​ထွေးမှု​တွေကို ခံစားခဲ့ရတာ အချိန်အနည်းငယ်​တော့ကြာခဲ့ပါပြီ။

𝗣𝗘𝗥𝗙𝗘𝗖𝗧 𝗠𝗔𝗥𝗥𝗜𝗔𝗚𝗘 || 𝖧𝖤𝖤𝖲𝖤𝖴𝖭𝖦 𝗫 𝖩𝖴𝖭𝖦𝖶𝖮𝖭 √Where stories live. Discover now