4

638 97 21
                                    

ည​နေပိုင်းဖြစ်​နေတာ​ကြောင့် လမ်းမထက်​ရွေ့လျား​နေတဲ့ယာဥ်​တွေဟာ ဒီ​နေ့မှပိုပြီးရှုပ်​ထွေး​နေသလိုခံ​စား​နေရတယ်။ သူ့ရဲ့နားထဲကို ဆူညံ​နေတဲ့ ယာဥ်​တွေရဲ့အသံ​တွေက သူ့ကိုစိတ်ရှုပ်​ထွေးပြီး ​ဒေါသထွက်လာ​အောင်လုပ်​နေတယ်။

အလိုမကျဘဲ ခု​နေ​သောစိတ်အ​ခြေအ​နေကို သူပြန်မတွန်းလှန်နိုင်ပါ။ ထို့​ကြောင့် ​ဘေးကလူကိုသာ အပြစ်​တွေပုံချမိ​တော့သည်။

" ​ဆောင်းဟွန်း တစ်ခုခုလုပ်ပါဦး မင်းမှာ ​ဂျောင်ဝန်းကိုဆက်သွယ်လို့ရမယ့် တစ်ခြားဖုန်းနံပါတ်​တွေမရှိဘူးလား "

" ဂျယ်ယွန်း .. အရင်ဆုံး စိတ်ကိုထိန်းပါဦး ​နော် "

​ဆောက်တည်ရာမရဖြစ်​နေတဲ့ ဂျယ်ယွန်းပုံစံကို ​ဆောင်းဟွန်းအလိုမကျပါ။ ဂျယ်ယွန်းရဲ့လက်​မောင်း​တွေကိုချုပ်ပြီး အသိစိတ်ကပ်ရန်​​ပြော​နေ​သော်လည်း ဂျယ်ယွန်းက​တော့ သူ​ပြော​နေတာ​တွေကို နားထဲ​တောင်​ရောက်ရဲ့လားမသိပါဘူး။

" ဘယ်လိုစိတ်ထိန်းရမှာလဲ ! ငါ့မျက်စိ​ရှေ့မှာတင် သူတို့နှစ်​ယောက်က အဲ့ဒီဟိုတယ်အခန်း​သော့ကြီးကိုယူပြပြီး အတူတူထွက်သွားတာကြ​လေ ! "

" ဒီအတိုင်း .. အ​ကြောင်းအရင်းကိုနား​ထောင်ပြီး​တော့မှ သူတို့ရဲ့အ​ခြေအ​နေကို ဆုံးဖြတ်တာပဲဖြစ်ဖြစ်- "

" ပတ်​ဆောင်းဟွန်း!! မင်းအမြင်မှာ ​ယောကျာ်း​လေးနှစ်​ယောက်က ဟိုတယ်အခန်း​သော့ကိုလည်းပြပြီး ပြီး​တော့နှစ်​ယောက်တည်း ​နောက်ပြီး စမ်းကြည့်ချင်တယ်ဆိုတာ​တွေ အဲ့ဒါ​တွေက သာမန်လို့ထင်​နေတာလားကွ "

​ဆောင့်တွန်းခံလိုက်ရ​ပေမယ့် ​ဆောင်းဟွန်းရဲ့ခန္ဓာကိုယ်မှာ အ​နောက်ကို​ခြေတစ်လှမ်းစာပဲ​ရွေ့သွားခဲ့တယ်။ ဂျယ်ယွန်းရဲ့အခုလိုပုံစံကိုမြင်ရတာ ​ဆောင်းဟွန်းရင်​တွေနာရတယ်။ တစ်ခြား​ယောကျာ်းလေးတစ်​ယောက်​ကြောင့် အခုလို​ဆောက်တည်ရာ​တွေမရ ၊ အသိစိတ်​တွေလွတ်ပြီး ​ပြောချင်တာ​တွေ​ပြော​နေတဲ့ဂျယ်ယွန်းရဲ့ပုံက ​ဆောင်းဟွန်းကို​ဒေါသထွက်​စေလာတယ်။ ဂျယ်ယွန်းကိုအခုလိုဖြစ်​အောင်လုပ်တဲ့ အီဟီဆွန်းဆိုတဲ့သူနဲ့အတူတူ ​ဂျောင်ဝန်းကိုလည်း သူ့စိတ်ထဲမှာအပြစ်​တွေပုံချမိ​နေခဲ့ပါသည်။

𝗣𝗘𝗥𝗙𝗘𝗖𝗧 𝗠𝗔𝗥𝗥𝗜𝗔𝗚𝗘 || 𝖧𝖤𝖤𝖲𝖤𝖴𝖭𝖦 𝗫 𝖩𝖴𝖭𝖦𝖶𝖮𝖭 √Where stories live. Discover now