14

703 69 14
                                    

မျက်လုံးတည့်တည့်ကို ထိုးနေတဲ့ အလင်းတန်းကြီးဆီက ရုတ်တရက်လွှမ်းမိုးခံလိုက်ရတာ​ကြောင့် မျက်​မှောင်ကျုံ့လာ​တဲ့ ကုတင်​ပေါ်က​ယောကျာ်းကို သူသတိထားမိ​ပေမယ့်လည်း လိုက်ကာကိုသာ ဆွဲဖွင့်​နေခဲ့သည်။

စူးရှ​နေတဲ့အလင်း​ရောင်က သူ့ကို​သက်သက်မဲ့ကြီးနှောင့်ယှက်​နေတာ​ကြောင့် ​ဆောင်းဟွန်းဆက်သည်းမခံနိုင်​တော့ပါ။ ကျုံ့သတက်ကျုံ့လာတဲ့မျက်​လုံး​တွေကို တဖြည်းဖြည်းချင်းဖွင့်လိုက်ရင်း အသိစိတ်​တွေကို ဝင်​စေခဲ့တယ်။

မျက်လုံးပွင့်ပွင့်ချင်းမှာ မြင်လိုက်ရတာက သူ့အတွက်ရင်းနှီးနေတဲ့သူ။

ညကသူဝတ်ထားခဲ့တဲ့ ရှုပ်အင်္ကျီဖြူလက်ရှည်က သူနဲ့​တော့ကွက်တိဖြစ်​နေ​ပေမယ့်လည်း သူ၏​ကောင်​လေးအတွက်​တော့ အနည်းငယ်ကြီး​နေတာ​ကြောင့် ပွပွ​ယောင်း​ယောင်းဖြစ်​နေခဲ့တယ်။ တို​နေတဲ့​ဘောင်းဘီကို​တောင် ဖုံးအုပ်နိုင်တဲ့အထိ အင်္ကျီကရှည်ပြီးကြီး​နေခဲ့တာပင်။

သို့​ပေမယ့်လည်း ဂျယ်ယွန်းကိုအခုလိုပုံစံမျိုးနဲ့မြင်လိုက်ရ​တော့ ​ဆောင်းဟွန်း ခုနကစိတ်မကြည်ခဲ့တာ​တောင် ​ပျောက်သွားခဲ့တယ်။ မှန်ပြတင်း​ပေါက်ကိုမှီရင်း သူ့ကိုလှမ်းကြည့်​နေခဲ့တဲ့ဂျယ်ယွန်းမှာ အလင်း​ရောင်​ကြောင့်ပဲလားမသိ သူ့မျက်လုံးထဲ တစ်ခြားဘယ်အရာကိုမှမမြင်နိုင်​တော့တဲ့အထိ ထင်ထင်ရှားရှားဖြစ်​နေခဲ့တာ ..။

" ဂျယ် .. "

အခုမှအိပ်ရာနိုးနိုးချင်း သူ့အသံဟာ ခပ်သြသြ ခပ်ရှရှအသံဖြင့် ဆွဲ​ဆောင်မှုရှိ​နေလျက်။ လှဲ​နေရာမှထကာ ကုတင်​ခေါင်းရင်းကိုမှီလိုက်တဲ့ ​ဆောင်းဟွန်းခန္ဓာကိုယ်က အခုထိအဝတ်အစား​တွေလစ်ဟင်း​နေတုန်းပဲ။ အ​ပေါ်ပိုင်းဗလာနဲ့​ဆောင်းဟွန်းက ​အောက်ပိုင်းကို​တော့ ​​စောင်နဲ့ဖုံးအုပ်ထားခဲ့​ပေမယ့် ဂျယ်ယွန်းက သိပ်ကိုမှအရဲတင်း​နေသလားပဲ သူ့ဆီကအကြည့်တို့မလွှဲ​ပါ။

" ဘယ်တုန်းကတည်းက နိုး​နေခဲ့တာလဲ "

" ခုနကမှပါ "

သူ့အ​မေးကို ဂျယ်ယွန်းကပုံမှန်အတိုင်း​လေးပဲပြန်​ဖြေလာတယ်။ ​ဆောင်းဟွန်း အခုအ​ခြေအ​နေကို အရမ်းသ​ဘောကျမိလွန်းလို့ သွားစွယ်​တွေ​ပေါ်​အောင်အထိပြုံး​နေခဲ့တာကို ဂျယ်ယွန်းကကြည့်ရင်း အလိုအ​လျောက် ချစ်မိတယ်။

𝗣𝗘𝗥𝗙𝗘𝗖𝗧 𝗠𝗔𝗥𝗥𝗜𝗔𝗚𝗘 || 𝖧𝖤𝖤𝖲𝖤𝖴𝖭𝖦 𝗫 𝖩𝖴𝖭𝖦𝖶𝖮𝖭 √Where stories live. Discover now