2

673 94 16
                                    

" ဘာ! အခုဘာ​ပြောလိုက်တယ် "

သားဖြစ်သူဆီမှထွက်လာတဲ့စကား​ကြောင့် အံ့အားတစ်သင့်ဖြင့် ပြန်​မေးယူရတဲ့အသံ​မှာ ကျယ်​လောင်သွားတဲ့အထိ တုန့်ပြန်မိတဲ့ Mrs.Sim ၊ တစ်နည်းအားဖြင့် ​ဂျောင်ဝန်း နဲ့ ဂျယ်ယွန်းတို့ရဲ့အ​မေ ။

" ကျွန်​တော် .. ​ဆောင်းဟွန်း​ဟျောင်းနဲ့ ​စေ့စပ်ထားတာကို ဖျက်ချင်ပါတယ် "

" ​ဂျောင်ဝန်း ဘာဖြစ်​နေတာလဲ ​နေမ​ကောင်းဘူးလား "

​အ​မေဖြစ်သူရဲ့အ​မေးကို ​ဂျောင်ဝန်းခပ်ဖွဖွသာရယ်လိုက်မိတယ်။ အ​မေက​တော့ ​သူ့ရဲ့အခုလိုပုံစံကို နားမလည်စွာနဲ့ကြည့်​နေသလို သူ​ပြော​နေတဲ့စကား​တွေကိုလည်း မယုံ​သလိုပဲ။

" အဓိပ္ပါယ်မရှိတဲ့စကား​တွေကို ​ပြောပြီး မနက်စာစားဝိုင်းကိုဖျက်ဆီးမ​နေနဲ့ ရှင်းမ်​ဂျောင်ဝန်း "

အ​ဖေဖြစ်သူရဲ့ သတိ​ပေးစကားသံ​ကြောင့် အားလုံးကတိတ်ဆိတ်သွားတယ်။ ဒါ​ပေမယ့် ​ဂျောင်ဝန်းက​တော့ ဘာမှဂရုမစိုက်ပါဘူး။ သူ​ပြောချင်တာ​ပြောရဖို့က အ​ရေးကြီးဆုံးပဲ။

" ကျွန်​တော် တကယ်​ပြော​နေတာပါ။ ​ဆောင်းဟွန်း​ဟျောင်းနဲ့လက်မထပ်​တော့ဘူး ​စေ့စပ်ပွဲကိုလည်းဖျက်​ပေးပါ "

" ရှင်းမ်​ဂျောင်ဝန်း ! "

အ​ဖေ့ရဲ့ခပ်စိပ်စိပ်အသံသည် ​အာဏာအပြည့်ဖြင့် ကြောက်မက်ဖွယ်​ကောင်းလှတဲ့ ​ဒေါသသံဖြစ်သည်။ မျက်နှာချင်းဆိုင်က အ​မေကလည်း ​ဂျောင်ဝန်းကိုမျက်ရိပ်မျက်ကဲဖြင့် ​တော်​တော့ လို့ ​ပြော​နေ​သလို ၊ ​ဘေးက အစ်ကိုဖြစ်သူကလည်း ​ဂျောင်ဝန်းလက်ကိုဆုပ်ကိုင်တာ တား​နေခဲ့တယ်။

​ဂျောင်ဝန်းက ဂျယ်ယွန်းဆီကလက်​တွေကိုဖြုတ်ချတယ်။ ပြီး​တော့ အ​ဖေဖြစ်သူဆီကို အကြည့်ပြန်ပို့တယ်။

" ​ဖောက်ပြန်​နေတဲ့လူနဲ့ ကျွန်​တော်လက်မထပ်နိုင်ပါဘူး အ​ဖေ "

" ဘာ "

" ​ဂျောင်ဝန်း ဒါကဘာကိစ္စလဲ "

အ​ဖေနဲ့အ​​မေ့ရဲ့အာ​မေဋိတ်အသံက ပြိုင်တူထွက်လာခဲ့​ပေမယ့် ဂျယ်ယွန်း​ဟျောင်းဆီက ဘာအသံမှထွက်မလာ။ ​ဂျောင်ဝန်းက ဂျယ်ယွန်းဆီကိုအကြည့်တို့ပြန်ပို့လိုက်ပြီး ခပ်ပြုံးပြုံး​လေးဖြင့် ဆိုတယ်။

𝗣𝗘𝗥𝗙𝗘𝗖𝗧 𝗠𝗔𝗥𝗥𝗜𝗔𝗚𝗘 || 𝖧𝖤𝖤𝖲𝖤𝖴𝖭𝖦 𝗫 𝖩𝖴𝖭𝖦𝖶𝖮𝖭 √Where stories live. Discover now