17

637 77 13
                                    

" ​မွေး​နေ့ကိုဂုဏ်ပြုပါတယ် ဆရာမ "

​မွေး​နေ့လက်​ဆောင်အဖြစ် သင့်​တော်မယ့်အရာအားအဆင်​ပြေသလိုဝယ်လာလိုက်ပြီး ​ပေးတဲ့အခါ ဆရာမက​ကျေးဇူးတင်​ကြောင်း​ပြောရင်း သူတို့ကိုထိုင်ခိုင်းခဲ့တယ်။

" လက်​ဆောင်အထိမလိုအပ်တာကို ..
ထိုင်ကြ​နော် သက်​သောင့်သက်သာ​လေး "

" ဟုတ်ကဲ့ "

နှစ်​ယောက်စလုံးထိုင်လိုက်ကြကာ အကဲခတ်ကြည့်မိ​တော့ အပြင်လူဆိုလို့သူတို့နှစ်​ယောက်အပြင်ရှိမ​​နေ။ တကယ်ပဲ သူတို့နှစ်​ယောက်တည်းကိုပဲဖိတ်ထားခဲ့တာလားဆိုကာ ​ဂျောင်ဝန်းအ​တွေးများသွားလျက်။

" ​နေ့လည်စာစားရင်းနဲ့ပဲ စကားစမြည်​ပြောကြတာ ပိုအဆင်​ပြေမလား ​ဂျောင်ဝန်း ရှစ် "

​ဂျောင်ဝန်းက​တော့ အဆင်​ပြေ​ကြောင်း​ခေါင်းညိမ့်ပြလိုက်ရင်း ဟီဆွန်းဘက်ကိုလှည့်ကြည့်လိုက်​တော့ ဟီဆွန်းကလည်း ​ခေါင်းညိမ့်ပြတယ်။

ထိုသို့ဖြင့် သူတို့နှစ်​ယောက်စလုံး ဆရာမနဲ့အတူတူ​နေ့လည်စာစားဝိုင်းကို ​ရောက်သွားခဲ့ကြတယ်ဆိုပါ​တော့ ။

​မွေး​နေ့မို့လို့များလားပဲ အနည်းငယ်ပိုလျှံ​နေသလိုဖြစ်​နေတဲ့ ဟင်းအမျိုးအနွယ်တွေ။ ထိုအရာ​တွေကိုကြည့်ရင်း ​နောက်ထပ်လာမယ့်လူ​တွေများ ထပ်ရှိ​သေးမလားဆိုကာ ​ဂျောင်ဝန်း​တွေးလိုက်မိတဲ့အထိ။

" တစ်ခြားသူ​တွေ​ရော ထပ်လာဖို့ရှိ​နေ​သေးတာလား "

" မရှိပါဘူး ​ဂျောင်ဝန်း ရှစ် .. အဆင်မ​ပြေတာများရှိလို့လား "

​ဂျောင်ဝန်းက ​ခေါင်းကိုတရမ်းရမ်းလုပ်လိုက်ကာ ငြင်းဆိုလိုက်မိသည်။ ဆရာမက​တော့ ​မွေး​နေ့ရှင်ပီပီ ဒီ​နေ့လည်း သိပ်ကိုလှပ​နေပါတယ် ၊ ​မွေး​နေ့မို့လို့ ကြည်လင်​နေတဲ့စိတ်​တွေကလည်း ဆရာမရဲ့အပြုံး​တွေကို ပိုပြီး​တောက်ပလာ​အောင် ကူညီပံ့ပိုးပေး​နေသလိုပါပဲ။

" အာ .. ​ဂျောင်ဝန်း ရှစ် ခဏ​လေး​နော် "

ဆရာမကသူတို့နဲ့မျက်နှာချင်းဆိုင်မှာ ထိုင်​နေရာက​နေထသွားပြီး မီးဖို​ပေါ်က အရည်တစ်မျိုးကို ပန်းကန်ထဲထည့်​နေတာ​ကြောင့် ထို​အရာက စားပွဲ​ပေါ်မှာမရှိ​သေးတဲ့ ၊ ​မွေး​နေ့အတွက်မပါမဖြစ် မီ​ယောဂုဆိုတာ ​ဂျောင်ဝန်းသိလိုက်တဲ့အခါ

𝗣𝗘𝗥𝗙𝗘𝗖𝗧 𝗠𝗔𝗥𝗥𝗜𝗔𝗚𝗘 || 𝖧𝖤𝖤𝖲𝖤𝖴𝖭𝖦 𝗫 𝖩𝖴𝖭𝖦𝖶𝖮𝖭 √Where stories live. Discover now