အပိုင်း၃၁

205 32 0
                                    

格格不入(GeGeBuRu)

စာရေးသူ : ဝူးကျယ်

ဘာသာပြန်သူ : ယင်း

အပိုင်း ၃၁

အရင်တစ်ခေါက်က ဟို စိတ်မူမမှန်သည့် ထန်ဘာဆိုလား ဆိုသူ၏ အိမ်တွင် ၊ ရှန့်ရှီး၏ ကြည်လင်ကျယ်လောင်လှသော အသံကို တစ်ခေါက် ကြားဖူးခဲ့ပြီးနောက်တွင် ၊ ရှန့်ရှီး၏ ဒီအော်သံကို ချိန်ပေါ်ယန် နောက်တစ်ကြိမ် ထပ်ကြားလိုက်ရခြင်း ဖြစ်သည်။

ထို့အပြင် ဒီတစ်ခေါက်က ကျဥ်းမြောင်းသည့် ကားထဲတွင် ဖြစ်နေရာ ၊ ရှန့်ရှီး၏ ဒီကျယ်လောင်လှသော အသံကြောင့် ၊ ချ်ိန်ပေါ်ယန်မှာ ကားကို လူသွားလမ်းပေါ် မောင်းမိတော့မတတ်ဖြစ်သွားခဲ့သည်။

"မင်း ဘာလုပ်တာလဲ ! "

ချိန်ပေါ်ယန်မှာ ကားကို လမ်းဘေးကပ်၍ ရပ်လိုက်ပြီး ၊ ရှန့်ရှီးကို ကြည့်လိုက်သည်။

"ချိန်ပေါ်ယန် ခင်ဗျားကလည်း အရမ်းကို ဟိုဘာလဲ ၊ ခင်ဗျား မွေးနေ့ဆိုတာ ကြိုပြောလေ"

ရှန့်ရှီးက ချိန်ပေါ်ယန်ကို စိုက်ကြည့်လိုက်ပြီး

"အစကတည်းက ခင်ဗျားနဲ့ လိုက်ပြီး ခင်ဗျားသူငယ်ချင်းတွေနဲ့ ထမင်းစားရမှာဆိုတော့ ၊ မျက်နှာပျက်ရမှာ ကျွန်တော် တော်တော်လေး ကြောက်နေတာ ၊ အခုက လူကောင်းတွေချည်းပဲ ၊ ပြီးတော့ မွေးနေ့ ! ခင်ဗျားသာ ကြိုပြောရင် ကျွန်တော် ဒီအင်္ကျီတွေ မ၀ယ်ပါဘူး ၊ လက်ဆောင်၀ယ်ဖို့ ချန်ထားမှာ ! "

"ဘယ်သူက မင်းလက်ဆောင်၀ယ်ပေးမှာကို လိုချင်လို့လဲ ၊ မင်း လက်ဆောင်၀ယ်နေမှာ စိုးလို့ ငါ မပြောတာ"

ချိန်ပေါ်ယန်က စဥ်းစားနေပြီး ၊ ရှန့်ရှီးအား နောက်တစ်ခေါက် အကဲခတ်လိုက်ကာ ရယ်၍ ပြောလိုက်သည်။

"ဒီအင်္ကျီတွေက အခုမှ ၀ယ်ထားတာလား?"

"ဟုတ်တယ်လေ ၊ နောက်ဆို ထမင်းစားပွဲရှိလာတိုင်း ဒီ၀တ်စုံပဲ"

ရှန့်ရှီးက ချိန်ပေါ်ယန်ကို စိုက်ကြည့်နေပြီး

"ပွဲတက်၀တ်စုံ သိလား ! "

"တွဲဖက်၀တ်ထားတာ တော်တော်ကောင်းတယ် ၊ အရင်က မင်းရဲ့ မော့ရှီးကန်ကိုပဲ ကြည့်နေမိတော့ မင်း အမြင်ရှိတယ်ဆိုတာ သတိမထားမိဘူး"

မတူညီမအပ်စပ်သောWhere stories live. Discover now