အပိုင်း၁၇

303 43 1
                                    

格格不入(GeGeBuRu)

စာရေးသူ : ၀ူးကျယ်

ဘာသာပြန်သူ : ယင်း

အပိုင်း ၁၇

စည်းကမ်း သုံးချက် မပြောနှင့် ၊ စည်းကမ်း အချက်ရှစ်ဆယ် ဆိုလျှင်တောင် ရှန့်ရှီးကတော့ မတုံ့ဆိုင်းပဲ ကတိပေးလိုက်မှာပင်။ဘယ်လိုပဲဖြစ်ဖြစ် တစ်ခြားလူကို ကတိပေးတာက သူ၏ အားသာချက်ဖြစ်သည်။ကတိပေးပြီးမှ လုပ်နိုင် မလုပ်နိုင်ကို နောက်မှ ထပ်ပြောမည်။

သို့သော်လည်း သူ ခေါင်းညိတ်လိုက်ပြီးနောက်တွင် ၊ ချိန်ပေါ်ယန်က ထိုစည်းကမ်းသုံးချက်ကို သူ့အား ချက်ချင်းမပြောပြပေ။သူ မအောင့်ထားနိုင်တော့ပဲ တစ်ခွန်း မေးလိုက်မိသည်။ : 

"ကော ၊ ဘာစည်းကမ်းသုံးချက်လဲ?"

"ငါ မစဥ်းစားရသေးဘူး" 

ချိန်ပေါ်ယန်က လက်ချောင်းဖြင့် စတီယာရင်ပေါ် အသာလေး ခေါက်လိုက်သည်။

"ဒါဆို ကျွန်တော်တို့ အခု ဘယ်သွားနေတာလဲ?ခင်ဗျားအိမ်ကိုလား?" 

ရှန့်ရှီးမှာ ရုတ်တရက် ဆိုသလို မသိမသာ စိတ်လှုပ်ရှားလာမိသည်။ဖောက်ထွင်းတာ မအောင်မြင်ခဲ့သည့် ထိုတစ်ခေါက်ကလွဲပြီး ၊ ပုံမှန်လူနေအိမ်များကို သူ မ၀င်ဖူးခဲ့ပေ။

"အရင်ဆုံး ဟင်းရွက်၀ယ်မယ်" 

ချိန်ပေါ်ယန်က ပြန်ဖြေလိုက်သည်။

"ဟင်းရွက်၀ယ်မယ်?" 

ရှန့်ရှီးမှာ အတော်လေး အံ့သြသွားမိသည်။ 

"ဆရာ၀န်က ဟင်းရွက်၀ယ်သေးတာလား?"

"တော်တော် ထူးဆန်းတာပဲ ၊ ဆရာ၀န်က ဟင်းရွက်မ၀ယ်ရင် ဘာစားရမှာလဲ?" 

ချိန်ပေါ်ယန်မှာ လုံး၀ သည်းခံစိတ် ကင်းမဲ့သွားခဲ့သည်။ 

"မင်းက ကြည့်လိုက်ရင် တော်တော် ဥာဏ်ကောင်းမယ့်ပုံနဲ့ ၊ ဥာဏ်ကောင်းတဲ့ပုံစံ ပေါက်နေရုံပဲလား?"

"ဟုတ်သားပဲ ၊ အရင်တစ်ခေါက်က ခင်ဗျားနဲ့ လမ်းမပေါ်မှာ ဆုံတာလေ ၊ ဟို ဘာလဲ Iron Rod Yam ၊ အဲ့ဒါ ခင်ဗျား ၀ယ်လာခဲ့တာ မဟုတ်လား?" 

အရင်တစ်ခေါက်က လက်ထဲတွင် ကျိုးသွားခဲ့သည့် Yam ကို သတိရမိသွားရာ ၊ ရှန့်ရှီးမှာ ရယ်လိုက်မိသည်။

မတူညီမအပ်စပ်သောWhere stories live. Discover now