အပိုင်း၁၂

287 48 5
                                    

格格不入(GeGeBuRu)

စာရေးသူ : ၀ူးကျယ်

ဘာသာပြန်သူ : ယင်း

အပိုင်း ၁၂

အမှန်မှာတော့ သန့်စင်ခန်းသွားဖို့ လူတစ်ယောက်ကို ကူညီခိုင်းနေရသည့် ဒီကိစ္စကို ၊ ရှန့်ရှီးမှာ အသားကျသလောက်နီးပါး ဖြစ်နေပြီပင်။အကြိမ်တိုင်းတွင် စွင်းတာ့ကျယ်က ကျွမ်းကျင်လျင်မြန်စွာဖြင့် ဖြေရှင်းပေးသွားခဲ့သည်။သူက လူတစ်ယောက် မဟုတ်ပဲ ၊ ပစ္စည်းတစ်ခုခု လိုမျိုးပင်။သူ စပြီး အနေရမခက်သေးမီမှာပင် ၊ လုပ်ကိုင်လို့ ပြီးစီးသွားပြီ ဖြစ်သည်။

သို့သော်လည်း ဒီကိစ္စကို ချိန်ပေါ်ယန်လုပ်ပေးတာ ဖြစ်သွားချိန်၌ ၊ ခံစားချက်က လုံး၀ကို မတူတော့ပေ။

တစ်ခြားဟာကို မပြောနှင့် ၊ လှုပ်ရှားနေသည့် ကျွမ်းကျင်မှုလယ်ဗယ် တစ်ခုတည်းကပင် ၊ ကောင်းကင်နှင့် မြေကြီးလောက်ကို ကွာခြားမှု ရှိနေလေပြီ။

ချိန်ပေါ်ယန်က သူ့မျက်နှာကို သုတ်ပေးစဥ်အခါက အရည်အချင်းမြင့်မားနေသော်လည်း ၊ အခုအချ်ိန်မှာတော့ လက်တစ်ဖက်က ဆီးအိုးကို ကိုင်ထားရင် ၊ လက်တစ်ဖက်က စောင်ကို ဖယ်နေသည်မှာ ၊ နောက်ထပ်လုပ်ဆောင်မှုက သူ့နှာခေါင်းကို ပိတ်၍ သူ့ပါးစပ်ထဲ သွန်ထည့်တော့မလိုပင်။

"ကျွန်တော်......အရင်ဆုံး ချွတ်လိုက်ဦးမယ်"

ရှန့်ရှီးမှာ မျက်နှာကို လွှဲထားလ်ိုက်မိသည်။မတော်လို့များ ချိန်ပေါ်ယန်၏ အသန့်ကြိုက် ရောဂါက ထိန်းချုပ်မှု ကင်းလွတ်သွားခဲ့ပြီး ဆီးအိုးကို သူ့မျက်နှာပေါ် ပစ်လိုက်မှာ စိုးလို့ပင်။သူ့လက်က လှုပ်ရှားနိုင်သည်ပင်။သို့သော်လည်း သိပ်ပြီး သွက်သွက်လက်လက် မရှိချေ။ပုံမှန်အချိန်များတွင်ဆို သူ လက်ကို မဆန့်ထုတ်ရသေးမီမှာပင် စွင်းတာ့ကျယ်က လုပ်လို့ ပြီးသွားပြီ ဖြစ်သည်။အခုတော့ သူ လက်ချောင်းက်ိုကွေးပြီး ၊ ခါးပေါ်ရှိ ဘောင်းဘီကို အတော်ကြာအောင် လုပ်နေတာ​တောင် ချောချောမွေ့မွေ့ မရှိနေပေ။ထိန်းမထားနိုင်တော့တာကြောင့် သက်ပြင်းချလိုက်မိသည်။

"Fuck"

"ငါလုပ်ပေးမယ်"

ချိန်ပေါ်ယန်က မျက်မှောင်ကြုတ်နေပြီး ၊ လက်ကို ဆန့်ထုတ်၍ ခါးပေါ်ရှိ ဘောင်းဘိီကို ဆွဲကာ ၊ အောက်က်ို တစ်ချက်ဆွဲလိုက်သည်။ပြီးနောက်တွင်တော့ ဆီးအိုးကိုယူ၍ အနားတိုးပေးလိုက်သည်။

မတူညီမအပ်စပ်သောWhere stories live. Discover now