အပိုင်း၁၄

285 49 0
                                    

格格不入(GeGeBuRu)

စာရေးသူ : ၀ူးကျယ်

ဘာသာပြန်သူ : ယင်း

အပိုင်း ၁၄

ဘေးနားတွင် လှဲနေကြသည့် ဦးလေးကြီးနှစ်ယောက်မှာ ဘယ်လိုလုပ် ဒီအသက်အရွယ်အထိ အိမ်ခြေရာမဲ့ ဖြစ်လာကြလဲကို ရှန့်ရှီး မသိပေ။ဆံပင်များက ညစ်ပတ်လွန်း၍ ဆံပင်အတုစွပ်ထားသလိုပင် ဖြစ်နေပြီ ဖြစ်သော်လည်း ၊ ကိုယ့်ကိုကိုယ် ကာကွယ်ရမည့် အသိတရား နည်းနည်းလေးပင် မရှိ​ကြချေ။အပြင်ဘက်ရှိ လူများမှာ ရယ်မောလိုက် ၊ ဆဲဆိုလိုက်ဖြင့် ATM တံခါးနားက်ိုပင် ရောက်လာကြပြီပင်။သူတို့နှစ်ယောက်ကတော့ အိပ်နေကြသည်မှာ တစ်ချက်ကလေးမှ လှုပ်မလာကြပေ။

"အိုင်း"

အခုအချိန်တွင် တန်းပြီး ပြေးထွက်သွားလိုက်ပါက ၊ တိုက်မိသွားကာ အထိုးခံရမည်မှန်း ရှန့်ရှီး သိနေရာ ၊ ထခုန်လိုက်ပြီး ကြမ်းပြင်ပေါ်ရှိ လူနှစ်ယောက်ကို ခြေထောက်ဖြင့် နှစ်ချက်ကန်လိုက်ပြီး ၊ အသံကို ဖိ၍ တစ်ခွန်း အော်ပြောလိုက်သည်။

"ထ ! "

အပြင်ဘက်တွင် လူလေးယောက် ရှိနေပြီး ၊ ပုံစံများကို ကြည့်ရပုံအရ အရက်သောက်လာကြသည်ပင်။အခန်းထဲတွင် လူသုံးယောက် ရှိသည်ဆိုသော်လည်း ၊ တိုက်ခိုက်နိုင်စွမ်းကို လျစ်လျူရှု့၍ မရပေ။

ဦးလေးကြီး နှစ်ယောက်မှာ ၊ သူခြေထောက်ဖြင့် ကန်လိုက်မှုကြောင့် နိုးလာကြပြီး ၊ ထထိုင်လာကြသည်။သို့သော်လည်း ၀င်လာသည့်လူ၏ လက်ထဲရှိ ဘီယာပုလင်းကို တွေ့သွားကြသည့် အချိန်၌ ၊ သူတို့နှစ်​ယောက်မှာ ဇဝေဇဝါဖြင့် နေရာမှာပင် ကြောင်အသွားခဲ့ကြသည်။

ခွေးနေ့လိုပဲ။

ရှန့်ရှီးမှာ စိတ်ထဲကနေ တစ်ခွန်း ဆဲဆိုလိုက်မိသည်။ဒီပုံစံအတိုင်းဆို ပြန်ခုခံဖို့ မဖြစ်နိုင်လောက်ပေ။သူ အုတ်ခဲလေးကို ကိုင်ထားသည့်လက်အား ကိုယ်အနောက်ဘက်ဆီ အမြန်ပို့လိုက်ပြီး ၊ ဓားကို သူ့အင်္ကျီလက်ထဲ ထိုးထည့်လိုက်သည်။

ပြီးနောက်တွင်တော့ ခေါင်းကိုဖက်၍ ထောင့်ထဲတွင် ဆောင့်ကြောင့်ထိုင်ချလိုက်သည်။တင်ပါး၏ အောက်တွင်တော့ ၊ သူ့အိတ်က အဆင်သင့် ရှိနေသည်။

မတူညီမအပ်စပ်သောWhere stories live. Discover now