အပိုင်း၂၀

303 43 4
                                    

格格不入(GeGeBuRu)

စာရေးသူ : ၀ူးကျယ်

ဘာသာပြန်သူ : ယင်း

အပိုင်း ၂၀

ရှန့်ရှီးမှာ ခေါင်းပေါ်တွင် မျက်နှာသုတ်ပ၀ါ တင်ထားရင်း ၊ အတော်ကြာသည်အထ်ိ ဘာစကားမှ ပြောမထွက်လာပေ။ချိန်ပေါ်ယန်က ဒီလ်ို ဘာမှမဟုတ်သလို တစ်ခွန်းထုတ်ပြောလာရာ ၊ သူ ဘာဆက်ပြောရမည်မှန်း မသိတော့ပေ။

ချိန်ပေါ်ယန်ကလည်း ရှန့်ရှီးကို အဖက်လုပ်မနေတော့ပဲ ၊ ကုလားထ်ိုင်ပေါ်တွင် မှီထိုင်၍ ၊ ခြေထောက်က််ို စားပွဲပေါ်တင်လိုက်ကာ ၊ သတင်းဗွီဒီယိုကို ဖွင့်၍ ကြည့်လိုက်သည်။

ရှန့်ရှီးမှာ ဆိုဖာပေါ် ထိုင်၍ တီဗွီကို စိုက်ကြည့်နေလိုက်မိရင်း ၊ လက်က ခေါင်းပေါ်ရှိ မျက်နှာသုတ်ပ၀ါကို လျှောက်လုပ်နေလိုက်သည်။ခဏနေ ချည်လိုက် ခဏနေ ဖြည်လိုက်ဖြင့် ၊ တီဗွီထဲမှာ ဘာတွေ ပြနေမှန်း သေသေချာချာ မကြည့်မိချေ။

စိတ်မူမမှန်ဘူး။

သူ အကြိမ်တော်တော်များများ သုံးဖူးသည့် ဒီစကားလုံးကို ချိန်ပေါ်ယန်က သုံးလိုက်ရာ ၊ သူ ရုတ်တရက် နည်းနည်း နောင်တရမိသွားသည်။ဘာလုပ်ဖို့ ချိန်ပေါ်ယန် အရှေ့မှာ ထန်ရှောင်ခန်းကို ဆဲလိုက်တာလဲ။

ဒါပေမယ့် ထန်ရှောင်ခန်းက အဆဲခံရသင့်တယ် !

ဘာဖြစ်လို့ စိတ်မူမမှန်ဘူးလို့ ဆဲလိုက်ရတာလဲ......

ထန်ရှောင်ခန်းက စိတ်မူမမှန်တာပဲဟာ !

"ကော ၊ ကျွန်တော်ကလေ ၊ ဟို ဘာလဲ......ခင်ဗျားကို ပြောတာ မဟုတ်ပါဘူး......."

ရှန့်ရှီးမှာ နှာခေါင်းကို ပွတ်လိုက်ပြီး ၊ အနေရခက်စွာဖြင့် ပြောလိုက်သည်။

"ကျွန်တော် မ......"

ချိန်ပေါ်ယန်က ခေါင်လှည့်ကြည့်လိုက်ပြီး ၊ ပါးစပ်ဟ၍ စကားပြောရန် ပြင်လိုက်စဥ်မှာပင် ၊ ရှန့်ရှီးကို တွေ့လိုက်ရ၍ ဘာအသံမှ မထွက်လာတော့ပဲ ၊ ရှန့်ရှီးက်ိုသာ ခဏလောက် စိုက်ကြည့်နေလိုက်မိသည်။ :

"မင်း.....ဘယ်သူ့ကို cos နေတာလဲ?"

"အာ?"

ရှန့်ရှီးမှာ ကြောင်အသွားမိပြီး ၊ သူ့ခေါင်းပေါ်က်ို စမ်းမိသွားသည့် အချိန်ကျမှသာ အသိပြန်၀င်လာခဲ့သည်။သူ့ခေါင်းပေါ် တင်ထားသည့် မျက်နှာသုတ်ပ၀ါအား မေးစေ့အောက်တွင် အထုံးထုံးထားမိသည်။သူ အမြန် ဖြည်လိုက်ပြီး

မတူညီမအပ်စပ်သောWaar verhalen tot leven komen. Ontdek het nu