အပိုင်း၂၆

239 29 0
                                    

格格不入(GeGeBuRu)

စာရေးသူ : ဝူးကျယ်

ဘာသာပြန်သူ : ယင်း

အပိုင်း ၂၆

ချိန်ပေါ်ယန်မှာ သူငယ်ချင်းတွေနှင့် ထမင်းစားတာမျိုး မဟုတ်လျှင် ၊ အပြင်မှာ ထွက်စားတာ နည်းလှသည်။မသန့်ရှင်းပေ။အဓ်ိကက ပင်ပန်းတာကြောင့်ပင်။ကိုယ့်ဘာသာ အဆင်ပြေရာ နည်းနည်းလောက် လုပ်စားလိုက်လျှင် ရပြီဖြစ်သည်။သို့ဖြစ်ရာ ဒီအနီးအနားတွင် ဘာစားစရာတွေ ရှိမှန်း သူ မသိချေ။

ရှန့်ရှီးက တော်တော်လေး ရှင်းရှင်းလင်းလင်း သိသည်ပင်။ချိန်ပေါ်ယန်အား အရှေ့တံခါး၏ အရိုးစွပ်ပြုတ်ဟော့ပေါ့ဆိုင် တစ်ဆိုင်ဆီ ခေါ်သွားလိုက်သည်။အိမ်ရာ၀င်းထဲတွင် အရှေ့ အနောက် တောင် မြောက် တံခါးလေးခု ရှိသည်။အပြင်ဘက်ရှိ လမ်းမပေါ်တွင် ဘာတွေရှိမှန်း ရှန့်ရှီးက အကုန်သိနေသည်။ရှန့်ရှီးမှာ ဒီနေရာတွင် ရက်နည်းနည်းလောက်သာ နေရသေးပြီး ၊ ဖျားကလည်း ဖျားနေသေးရာ ၊ ဘယ်လိုလုပ် သ်ိတာလဲ ဆိုသည်အား ချိန်ပေါ်ယန် တွေးမရချေ။

တကယ်ပဲ ဘယ်နှစ်ရက် ရှိသေးလို့လဲ?

ချိန်ပေါ်ယန်မှာ တစ်လျှောက်လုံး တစ်ယောက်တည်း နေခဲ့တာကြောင့် ၊ အိမ်ပြန်ရောက်လျှင် ၊ တစ်ယောက်တည်း လေ့ကျင့်ခန်းလုပ် ၊ ထမင်းစား ၊ စာဖတ်ဖြင့် အကျင့်ဖြစ်နေပြီပင်။ရှန့်ရှီးက ရုတ်တရက်ကြီး သူ့ဘ၀ထဲ ၀င်ရောက်လာပြီး ၊ အမှုမဲ့အမှတ်မဲ့ ဂရုမစိုက်တတ်သည့် ပုံစံအား သူ အတော်လေး အသားမကျသေးပေ။အချိန် အကြာကြီး ရှိနေပြီဟု တစ်ချိန်လုံး ခံစားနေရသည်။

အခု သူ့မျက်နှာချင်းဆိုင်တွင် ထ်ိုင်၍ ၊ စားပွဲထိုးက ဟင်းပွဲများ ပြောပြနေသည်က်ို မေးထောက်ကာ နားထောင်နေသည့် ရှန့်ရှီးအား ကြည့်နေမိရင်း ၊ အမှန်တော့အချိန်ကုန်တာ အရမ်းကို မြန်သည်ဟု ရုတ်တရက် ထင်လိုက်မိသည်။မျက်စိတစ်မှိတ်အတွင်းမှာပင် ရှန့်ရှီးက ပြောင်းသွားတော့မည်ဖြစ်သည်။စည်းကမ်းသုံးချက်ကိုပင် အကုန်လုံး ရှင်းလင်းအောင် မညှိနှိုင်းလိုက်ရသေးသလိုပင်။

"ဒီဟင်းပွဲကို လူကြီးမင်း ကြည့်ကြည့်လို့ ရပါတယ်....."

စားပွဲထိုးက ရှန့်ရှီးအရှေ့တွင် ချထားသည့် မီနူးအား လှန်ပြလိုက်သည်။

မတူညီမအပ်စပ်သောTahanan ng mga kuwento. Tumuklas ngayon