အပိုင်း၂၄

268 39 3
                                    

格格不入(GeGeBuRu)

စာရေးသူ : ဝူးကျယ်

ဘာသာပြန်သူ : ယင်း

အပိုင်း ၂၄

အမှန်အတိုင်း ပြောရပါက ထိုလူ၏ လက်ထဲရှိ အမြောက်လိုဟာက်ိုသာ မမြင်လျှင် ၊ ထိုလူက ဘယ်သူမှန်း ချက်ချင်းမှတ်မိမှာ မဟုတ်ပေ။သတိပြန်ရလာလျှင်တောင် ၊ စက္ကန့်အတော်ကြာအောင် သုံးမှသာ ဘူးလေးထဲ ထည့်ထားသည့် ဒီလူ့ဘ၀ဓာတ်ပုံဆရာ၏ နာမည်ကဒ်နှင့် ၊ ထိုကဒ်ပေါ်ရှိ နာမည်ကို မှတ်မိမည်ပင်။

"ဖန်းယင်?"

ရှန့်ရှီးမှာ အတော်လေး အံ့သြနေဟန်ဖြင့် ဖန်းယင်အား ကြည့်လိုက်ပြီး

"မုတ်ဆိတ်မွှေးတွေ ရှည်နေတာ မျက်နှာတောင် မမြင်ရတော့ဘူး"

"ဒီတလော အလုပ်များနေတော့ မုတ်ဆိတ်ရိတ်ဖို့တောင် အချိန်မရှိဘူး"

ဖန်းယင်က ရယ်၍ ရှန့်ရှီး ပခုံးကို ပုတ်လိုက်ပြီး

"ကောင်လေး ၊ မတွေ့ရတာ ဒီလောက်တောင် ကြာသွားပြီ ၊ ကြည့်ရတာ နည်းနည်း ၀လာသလိုပဲ"

"အာ"

ရှန့်ရှီးမှာ ကိုယ့်မျက်နှာကိုယ် ပွတ်ကြည့်လိုက်မိပြီး

"နေ့တိုင်း စားပြီး အိပ်နေတာ"

"ဘယ်လိုလဲ ၊ မင်း ဘယ်လိုဖြစ်ပြီး ဒီဘက်ကို ရောက်လာတာလဲ?"

ဖန်းယင်က ရှန့်ရှီးအား အကဲခတ်နေပြီး

"ကျောက်ကျားယောင်မှာ မနေတော့ဘူးလား?"

"အင်း ၊ အဲ့မှာ မနေတော့ဘူး"

ရှန့်ရှီးက ရယ်လိုက်သည်။

"အခုက......."

ဖန်းယင်က ဟိုဘက်ရှိ ဘုတ်ပြားကို ကြည့်လိုက်ပြီး

"အလုပ်ရှာနေတာလား?"

"ကြည့်ကြည့်ရုံပါ"

ရှန့်ရှီးက ပြောလိုက်သည်။ဘာကြောင့်မှန်းတော့ မသိပေ။သူ အလုပ်ရှာနေကြောင်းကို တစ်ခြားလူအား ပြောပြချင်စိတ် မရှိချေ။ဒီက်ိစ္စအကြောင်း ပြောလိုက်မိလျှင် ၊ သူက ဆိုင်စောင့်သည့် အလုပ်ကိုပင် မရကြောင်း တစ်ခြားသူတွေ သိသွားမှာကြောင့် မျက်နှာပျက်ရမှာပင်။

မတူညီမအပ်စပ်သောWhere stories live. Discover now