Arc 4🗡127🗡အဒေါ်နဲ့တူမ

Start from the beginning
                                    

စိတ်ကို မူးဝေခြင်းကို ဖြစ်စေမည့် ဘေးထွက်ဆိုးကျိုး တချို့လည်း ရှိ​သေးသည်။ သို့သော် သက်ရောက်မှု လွန်သွားသည်နှင့်အမျှ ၎င်းသည် စိတ်ဝိညာဉ် စွမ်းအားအပေါ် များစွာ ထောက်ပံ့ပေးနိုင်သော အရာ ဖြစ်ပေ၏။

ထို့ကြောင့် လုရွှမ်သည် လင်းနို့သားရဲ၏ အလောင်းကို မြင်သောအခါ လက်တစ်ဆုပ်စာ ယူခဲ့သော်လည်း ဒီနေရာမှာ အသုံးဝင်လာမယ်လို့ မမျှော်ထားလင့်ခဲ့ပေ။

လင်းနို့သားရဲ သေသွားရင်တောင်မှ အာရုံစူးစိုက်မှု အားကောင်းတဲ့ အာနိသင်က ရှိနေသေး၏။  မှောင်မိုက်နေတဲ့ အချိန်ဆို သူ့ရဲ့စွမ်းအင် အလားအလာကို ဖော်ထုတ်ပေးနိုင်သည်။

အခုအချိန်မှာတော့ အမျိုးသမီးရဲ့ ယောက်ျား အခြေအနေအရ လင်းနို့အလောင်းပြာကို စုပ်ယူလိုက်တဲ့အခါ သံသယဖြစ်စရာ မလိုအောင် သေဆုံးသွားလိမ့်မည်။

တည်းခိုခန်းပိုင်ရှင် ဖြစ်သူက သက်ပြင်းချကာ အသံနက်ကြီးဖြင့် ပြောသည်။

"မဆိုးဘူး... ကောင်လေး မင်းနာမည်ဘယ်လိုခေါ်လဲ"

"ဘာလို့ နှောင့်ယှက်နေမှာလဲ? ဆိုင်ရှင်သူဌေး လူကြီးလူကောင်းတွေကြားက ခင်မင်ရင်းနှီးမှုက ရေလို ရှားပါးတာမို့ တစ်စုံတစ်ယောက်ရဲ့ နာမည်ကို မေးနေစရာ မလိုပါဘူး.... ကျုပ်တောင်ခင်ဗျားကို ဆိုင်ရှင်သူဌေးလို့ ခေါ်တတ်တာပဲလေ မတွေ့ဘူးလား!"

ထိုအခါ အမျိုးသမီးဖြစ်သူက သမင်ကို လက်ညှိုးထိုးပြပြီး

"အဲဒါက ဘယ်လို သူတော်စင် သားရဲလဲ? သူ့ခန္ဓာကိုယ်ထဲက သန့်ရှင်းတဲ့ သွေးက ထူးထူးခြားခြား ဖြစ်နေတယ်လို့ ခံစားရတယ်.... ငါသူ့ဆီက သွေးပန်းကန် တစ်လုံး လိုချင်တယ်"

"မဖြစ်ဘူး... ရှောင်းရှောင်က ကျွန်မဟာ... သူ့သွေးကို မ​ပေးနိုင်ဘူး"

ဟုန်ချောင် ခေါင်းထွက်ကာ ဟစ်အော်လိုက်ပြီးနောက် ပြန်ဝင်ပုန်းနေ၏။

လုရွှမ် ရယ်လိုက်ကာ

"ခင်ဗျား ကြားပြီလား"

"တကယ်တော့ သူတော်စင် သားရဲတွေ အများကြီး ရှိတယ်... သူဌေးလည်း သူတို့ကို ဒီမှာ နှစ်တိုင်း ဖမ်းမိတယ်လို့ ထင်ပါတယ်.... ဒါပေမဲ့ အဲဒါက အသုံးဝင်ရဲ့လား? အသုံးဝင်မှာတော့ သေချာပါတယ်.... ဒီလူကြီးမင်းက အသက်ရှင်နေသေးပေမယ့် ယာယီဖြေရှင်းချက် တစ်ခုပဲလေ..."

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now