"သွားမယ်"

သူ့အ​နောက်မှ​လိုက်​နေရင်း ဝိန်းရိဖန် ​ခေါင်းငြိမ့်ပြလိုက်၏။

"အင်း"

နှစ်​ယောက်သား ကား​ပေါ်တက်လာကြပြီး ဝိန်းရိဖန်က လုံခြုံ​ရေးခါးပတ်ပတ်ရင်း ငါးကင်ဆိုင်နာမည်အားပြောလိုက်၏။ ဆိုင်နာမည်ကိုကြားလိုက်သည့်အခါ သိနှင့်​နေပြီး​သော​ကြောင့်လားမသိ ၊ စန်းရန်က ​မြေပုံလမ်း​ကြောင်းကိုမဖွင့်ဘဲ တိုက်ရိုက်သာ​မောင်းနှင်လာခဲ့သည်။

ဝိန်းရိဖန်တစ်​ယောက် စကား​ပြောလိုက်ရနိုးနိုး စဥ်းစား​နေမိ​သေး​သော်ငြား တစ်ဖက်လူ ​ကား​မောင်း​နေခြင်းအား အ​နှောက်အယှက်ပြုမိမည်ကို စိုးရိမ်ရ​သေးသည်။ ပြတင်း​ပေါက်အပြင်ဘက်ကိုလှမ်းကြည့်​နေရင်း သတင်းလိုက်​နေသည့်ကားအက်ဆီးဒင့်အ​ကြောင်းတွေးကြည့်​မိသွားကာ ချက်ချင်းဆိုသလိုလည်းအ​တွေး​ဖျောက်လိုက်၏။ ဆိုင်ထဲသို့​ရောက်ပြီးလျှင်လည်း စကား​ပြောရမည့်အချိန်များစွာ ကျန်​နေ​​သေးသည်မဟုတ်လား။ ​နေရာအကွာအ​ဝေးက သိပ်မ​ဝေး​သော​ကြောင့် ကားဖြင့် မိနစ်၂၀နီးပါး​သာ မောင်းလာရ၏။

ဤဆိုင်သည် ​စီးပွား​ရေးရပ်ကွက်ငယ်တစ်ခု၏​ဘေးတွင်ဖြစ်ပြီး အ​ရှေ့ဘက်တွင် ကားပါကင်တစ်ခုရှိသည်။ ​နေရာထိုင်ခင်းက ​ချောင်မကျဘဲ ကားထိုးရပ်လိုက်သည်နှင့် ငါးကင်ဆိုင်အားလှမ်းမြင်​နေရပြီး အနီ​ရောင်ဆိုင်းဘုတ်ကြီးအပြင် ဆိုင်အပြင်အဆင်များကလည်း အာရုံကိုချက်ချင်းဖမ်းစားနိုင်၏။

ဆိုင်အ​နေအထားမှာ အ​တော်​လေးနေရာကျယ်​ပြီး လက်ရှိအချိန်က ညစာစားချိန်လည်းဖြစ်​သော​ကြောင့် အထဲတွင် ဧည့်သည်များအပြည့်။

ဝိန်းရိဖန်က စန်းရန်နှင့်အတူ အထဲသို့​လျှောက်ဝင်လာပြီး တံခါးဝတွင်​စောင့်​နေသည့်စားပွဲထိုးအား 'လူနှစ်​ယောက်စာ' ​နေရာထိုင်ခင်းကို ပြင်ဆင်ခိုင်းလိုက်သည်။ နှစ်​ယောက်သားက နှစ်​ယောက်စာဝိုင်းကိုသာယူပြီး ထိုင်​တော့မည်အပြုတွင် အမျိုးသမီးတစ်ဦးက ရုတ်တရက်လှမ်း​ခေါ်လိုက်​လေသည်။

"မန်​နေဂျာ...."

အသံမှာ ခပ်စူးစူးနှင့် ရင်းနှီးသ​ယောင်​ယောင်။

နှင်းဦး​ဝေ​ဝေ [ ဘာသာပြန် ]Where stories live. Discover now