Arc 4🗡125🗡အနက်ရောင်လမ်းကျဉ်း

Start from the beginning
                                    

ဟုန်ချောင် အနည်းငယ် ကြောက်သွားပြီး သမင်​​လေးကို တင်းတင်းကြပ်ကြပ် ဖက်ထားကာ မေးလိုက်သည်မှာ။

"ငါတို့ ပျံသွားလို့ မရဘူးလား"

သမင်ငယ်လေးက နှစ်ခါ အော်လာတော့ ဟုန်ချောင်လည်း စိတ်ပျက်လက်ပျက်နဲ့ ဘာသာပြန်ပေးလာ၏။

"ရှောင်းရှောင်က ပြောတယ်.... ငါတို့ မြေပြင်ကနေ ဆယ်ပေထက် ကျော်လို့ မရဘူးတဲ့ မဟုတ်ရင် ဒီမှာပဲ တစ်သက်လုံး ပိတ်မိနေလိမ့်မယ်"

လုရွှမ် ခေါင်းညိတ်လိုက်သည်။ သူ့ရဲ့ စိတ်ဝိညာဉ် စွမ်းအားတွေကို လွင့်ထွက်သွားခဲ့ ကတည်းက ဒီကျဉ်းမြောင်းတဲ့ လမ်းကြောင်းရဲ့ ထူးခြားမှုကို သူ သတိပြုမိပြီးသား ဖြစ်သည်။

ဆယ်ပေ အမြင့်လား?

"ငါရှေ့ကသွားမယ်... ​​မင်းတို့နောက်က လို​က်ခဲ့...  အန္တရာယ်ကြုံရင် ချက်ချင်း ပြန်လှည့်ပြေး"

လုရွှမ် ပြောပြီးတဲ့အခါ အလောင်းထဲကနေ လှံတစ်ချောင်းကို ကောက်ယူလိုက်သည်။

လှံရှည်သည် ဆယ်ပေခန့် ရှည်လျားပြီး လှံရှည်များကြားတွင်ပင် ရှည်လျားသည်ဟု ယူဆလို့ရသည်။ တစ်ကိုယ်လုံးကို သံအနက်နှင့် ရွှေစင်ဖြင့် ပြုလုပ်ထားပြီး အလွန်မာကျောသော ဒြပ်စင်ငါးမျိုးဖြင့် ပြုလုပ်ထားသည်။

မာကြောပြီး လိုက်လျော ညီထွေရှိသော ၎င်းသည် ရှည်လျားသော လှံတံများအကြား သင့်တော်သော အရည်အသွေး ရှိလေသည်။

လုရွှမ် လှံကိုကိုင်ကာ သူ့ရှေ့တွင် လွှမ်းခြုံထားသည့် စိတ်ဝိညာဉ် စွမ်းအားများ ရုတ်ချည်း ပြောင်းလဲသွားသည်ကို အာရုံခံမိလိုက်သည်။ သူမျှော်လင့်ထားသည့်အတိုင်း ဤလေပြင်းက စိတ်ဝိညာဉ် စွမ်းအားအပေါ် ဖိနှိပ်ချုပ်ချယ်မှု သက်ရောက်စေခဲ့သည်။

အခြားနေရာများတွင်မူ လုရွှမ်၏ စိတ်ဝိညာဉ် စွမ်းအားသည် မိုင်တစ်ရာ၏ အချင်းဝက်ကို လွှမ်းခြုံထားနိုင်သည်။ ရှုပ်ထွေးနေသော တောအုပ်ထဲသို့ ဝင်ရောက်ပြီးနောက် ဖိနှိပ်မှုအောက်တွင် သူသည် ဆယ်မိုင်အတွင်း ယေဘုယျအားဖြင့် ခံစားနိုင်သေးသည်။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now