"မ​နေ့ညက ငါ အိပ်​နေရင်းလမ်းထ​လျှောက်တဲ့အချိန် နင် ပြန်​ရောက်​နေပြီလား"

စန်းရန်၏ 'အင်း'ဆိုသည့်အသံတစ်ခု။

"...."

ဝိန်းရိဖန်က ဆက်၍ ;

"အဲ့ဒါဆို နင် တ​ရေးနိုးပြီး အပြင်ထွက်လာအိပ်လိုက်ရတာလား"

စန်းရန်က တစ်ချက်သန်းလိုက်ပြီး ထပ်၍ 'အင်း'ဆိုသည့်စကားတစ်ခွန်း။

ဝိန်းရိဖန်က ​ဘေးနားမှ အ​ပေါ်ဝတ်အင်္ကျီကိုလှမ်းယူပြီး စန်းရန်နှင့် ​ကောင်း​ကောင်းမွန်မွန်စကား​ပြောဆိုမည်ဟု ဆုံးဖြတ်လိုက်ကာ ;

"ဒါမှမဟုတ် ဒီလိုလုပ်ပါလား ၊ နောက်ဆိုရင် နင် မအိပ်ခင် အခန်းတံခါးကို​သော့ခတ်လိုက်​လေ....ရတယ်မလား ၊ အဲ့လိုဆိုရင် ငါ ​သေချာ​ပေါက် နင့်အခန်းထဲ ဝင်လို့ရမှာမဟုတ်​တော့ဘူး ၊ အဲ့ဒါမှပဲ နင်အိပ်​နေ​တာကိုမ​နှောက်ယှက်မိ​တော့မှာ"

စန်းရန်က ဂရုမစိုက်သည့်ဟန်ဖြင့် ;

"မင်း ​သော့ဖျက်ပြီးဝင်လာရင်​ရော"

ဝိန်းရိဖန်က စိတ်ရှည်လက်ရှည်ဖြင့် ရှင်းပြ​လိုက်၏။

"ငါ့မှာ ဘယ်လိုလုပ်ပြီး အဲ့လိုအစွမ်းအစမျိုးရှိမှာလဲ"

"ကိုယ့်ကို အခွင့်အ​ရေးယူပြီး အကြမ်းဖက်ဖို့အတွက်....."

စန်းရန်က မျက်ခုံးကို ​​ဖြေး​ဖြေးချင်းပင့်ပြကာ ​အေး​အေး​ဆေး​ဆေးဖြင့် ;

"မင်း မလုပ်နိုင်တာမျိုးမရှိရင်​ရော"

ဝိန်းရိဖန်​၏မျက်​တောင်များမှာ ပုတ်ခတ်ပုတ်ခတ်။

နည်းနည်းလည်း မိုးကြိုးပစ်ချခံလိုက်ရသလိုလို။

အဲ့ဒါဆို သူမ အိပ်​နေရင်းလမ်းထ​လျှောက်တဲ့အချိန် တကယ်ပဲ သူ့ကို အကြမ်းဖက်တာလား.....

သူမ တကယ်ပဲ အဲ့လိုလုပ်ရပ်မျိုး​တွေ လုပ်မိထားတာလား.....

ဝိန်းရိဖန်သည် တစ်စစနှင့် စန်းရန်အား နားမလည်နိုင်ပါ​တော့​ချေ။

တကယ်ပင် ထိုကဲ့သို့ကိစ္စများရှိ​နေပါရက်ဖြင့် အဘယ်​ကြောင့် တံခါးကိုသော့မခတ်ထားရပါသနည်း။

နှင်းဦး​ဝေ​ဝေ [ ဘာသာပြန် ]Where stories live. Discover now