အပိုင်း၂၇

Começar do início
                                    

"ဟယ်လို?"

"ပေါ်ယန် ! အိမ်မှာရှိလား?"

လင်ဟယ့်၏ အသံက လမ်းမပေါ်ရှိ ဆူညံနေသည့် နောက်ခံအသံများကြားမှ ပျံ့လွင့်လာခဲ့သည်။

"ရှိတယ် ၊ ဘာလုပ်မလို့လဲ?"

ချိန်ပေါ်ယန်မှာ အချိန်ကို ကြည့်လိုက်မိသည်။

"အပြင်မှာ နာရီ၀က်လောက်ထိုင်ဖို့ ထွက်လာခဲ့ ၊ အစက ဒီနေ့ အချိန်ကပ်မှ စုလိုက်ရတာဆိုတော့ မင်းလိုအလုပ်ရှုပ်တဲ့လူကို မခေါ်တော့ဘူး လုပ်ထားတာ ၊ အခု မင်းအိမ်နားက ဖြတ်သွားတာဆိုတော့ မဖြစ်မနေကို တွေ့ရမှာပဲ"

လင်ဟယ့်က ပြောလိုက်သည်။

"ငါ ဒီမှာ လူတစ်အုပ်ကြီး ၊ ပြီးတော့ လျှို့၀ှက်လူတစ်ယောက်လည်း ပါသေးတယ် ၊ အကုန်လုံးက မင်းကိုမတွေ့ရတာ ကြာနေပြီလို့ ပြောနေကြတယ် ၊ တစ်ခေါက်လောက် တွေ့ပြီး လွမ်းနာကျနေတာကို ဖြေလျှော့ပေးလိုက်စမ်းပါ ၊ မင်းထွက်မလာရင် ၊ ငါတို့တွေ မင်းအိမ်ကို တစ်ခါတည်း လာခဲ့လိုက်မှာနော်"

"နှစ်သစ်ကူးတုန်းကမှ တွေ့ထားကြတာ မဟုတ်ဘူးလား ၊ အခုမှ ဘယ်လောက်ကြာသေးလို့လဲ ၊ ထပ်ပြီး လွမ်းနာကျနေကြပြန်ပြီ"

ချိန်ပေါ်ယန်က ရယ်လိုက်ပြီး

"ငါ့လို မကောင်းတဲ့ကောင်က ဘယ်လိုလုပ် ဒီလောက်မြန်မြန်ကြီး မင်းတို့ကို လွမ်းမှာလဲ"

"မကောင်းတဲ့ချိန်က ပြောတယ် ၊ မင်းတို့တွေ အေးအေးဆေးဆေး ထွက်သွားလိုက်တဲ့......."

လင်ဟယ့်က ထိုဘက်တွင် ဘယ်သူနှင့် ပြောနေမှန်း မသိပေ။

"ချိန်ပေါ်ယန် ၊ နင်က နှလုံးသား မရှိတဲ့ကောင်ပဲ ! "

မိန်းကလေးတစ်ယောက်၏ အသံက ဖုန်းထဲကနေ ထွက်​ပေါ်လာသည်။

"နင် ထွက်မလာရင် ၊ ငါ ငါတို့နှစ်ယောက်ရဲ့ ကလေးကို နင့်အိမ်ထိခေါ်လာပြီး စကားပြောတော့မှာနော်"

"ရှောင်းလန်?"

ချိန်ပေါ်ယန်မှာ ထိုအသံကို ချက်ချင်း မှတ်မိသွားခဲ့သည်။သူအထက်တန်းတုန်းက သူ့အရှေ့က ထိုင်ခုံတွင် ထိုင်သည့်သူ ဖြစ်သည်။တက္ကသိုလ်ဘွဲ့ရပြီးသွားချိန်တွင် အိမ်ကလူများနှင့် သြစတြေးလျကို လိုက်သွားခဲ့သည်။မတွေ့ရတာ တော်တော်ကြာနေပြီပင်။

မတူညီမအပ်စပ်သောOnde as histórias ganham vida. Descobre agora