ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ

Depuis le début
                                    

“ချန်ချင်း မင်းကို အရမ်းသဘောကျတာပဲ ဘာလို့များ ဒီလောက် ချစ်ဖို့ကောင်းနေရတာလဲ ... ဟင် ...”

ရှဲ့ယွင်နန်က ထိုစကားများအား ရှောင်ပိုင်ကို ပြောလေ့ရှိခဲ့ဖူးသော်ငြား ယခုမူ ... ချစ်စရာကောင်းသည့် နေရာ၌ သွမ့်ချန်ချင်းသည် ရှောင်ပိုင်ကို လုံးဝ ရှုုံးနိမ့်မည်မဟုတ်ဟု ခံစားမိလာသည်။

ထို့နောက် သွမ့်ချန်ချင်း၏ နဖူးကို ထပ်နမ်းလိုက်ပြန်၏။

အသားယူခြင်း ခံလိုက်ရသည့် သွမ့်ချန်ချင်း “...”

ဒါက တကယ်ကြီးကို မျှော်လင့်မထားမိတာမျိုးနော် ...

ရှဲ့ယွင်နန်၏ အသားယူ နမ်းရှိုက်ခြင်းကို သုံးကြိမ်တိုင် ခံလိုက်ရသည့် သွမ့်ချန်ချင်းမှာ သူ ပြောရန် ကြံစည်ထားသည်များကို မေ့လျော့သွားကာ နောက်ထပ် ဝန်ခံရန်ပင် မဝံ့ရဲတော့ချေ။

ရှဲ့ယွင်နန်က သူ့ကို တကယ်ကို စိတ်ပါလက်ပါ ပြုစုပျိုးထောင်ပေးချင်နေတာပဲ ...

သူသာ အခုအချိန်မှာ ဝန်ခံလိုက်မိရင် ရှဲ့ယွင်နန်က အရင်က ထိခိုက်ထားတဲ့ ဒဏ်ရာတွေနဲ့ မှတ်ဉာဏ်ပျောက်တာတွေ အားလုံးက လိမ်နေတာလို့ ထင်သွားပြီး စိတ်ဆိုးမာန်ဆိုးနဲ့ ကွာရှင်းမှာ သေချာတယ် ...

သွမ့်ချန်ချင်းနှင့် ရှဲ့ယွင်နန်တို့၏ ဆက်ဆံရေးမှာ နွေးထွေးနူးညံ့ကာ ထက်သန်နှစ်လိုမှုတို့ဖြင့် ပြည့်ဝနေစဉ် မြင့်မြတ်မြို့တော်မှ ထွက်ခွါလာသည့် ယာဉ်တန်းသည်လည်း ဟုန်ယဲ့မြို့တော်သို့ ရောက်ရှိလာသည်။

အများဆုံး လေးစားခံရသည့် ခရီးသည်နှစ်ဦးမှာ ယဇ်ဆရာနှစ်ဦးမှအပ မည်သူမှ မရှိနိုင်ချေ။

ယဇ်ဆရာအများစုမှာ မြင့်မြတ်မြို့တော်တွင်သာ နေထိုင်ကြကာ ပျောက်ဆုံးနေသည့် ယဇ်ဆရာအကြီးအကဲမှအပ စီနီယာအဆင့် ယဇ်ဆရာ ၂ ဦး၊ အလယ်အလတ်အဆင့် ယဇ်ဆရာ ၁၁ ဦး ရှိကြပြီး ကျန်ယဇ်ဆရာများမှာမူ ဂျူနီယာအဆင့်များသာ ဖြစ်ကြသည်။

မြင့်မြတ်မြို့တော်မှ ရောက်လာသည့် ယဇ်ဆရာနှစ်ဦးလုံးမှာ အဆင့်မြင့် တိုက်ခိုက်သူများကိုပင် ကုသပေးနိုင်သည့် အလယ်အလတ်အဆင့် ယဇ်ဆရာများ ဖြစ်ကြကာ ဟုန်ယဲ့မြို့တော်  မဆိုထားနှင့်၊ မြင့်မြတ် မြို့တော်တွင်ပင် သူတို့၏ အဆင့်အတန်းမှာ မြင့်မားလှပေသည်။

ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲOù les histoires vivent. Découvrez maintenant