ကျုံးစစ်​ချောင်နှင့်​တွေ့ပြီး ပြန်လာသည့်လမ်းတစ်​လျှောက်လုံးတွင်လည်း ဝိန်းရိဖန်က စန်းရန်၏ Blind Date အ​ကြောင်းကိုသာ ​တွေး​နေခဲ့သည်။ ဟုတ်ပါ၏ ၊ သူမနှင့်ဘာမှမသက်ဆိုင်​သောကိစ္စ ၊ စန်းရန်၏ သူ့အ​ကြောင်းသာဖြစ်သည့် ကိစ္စပင်။

သူ့မိသားစုအမြင်တွင် သူဟာ သင့်​တော်သည့်အရွယ်တစ်ခု​ရောက်​နေပြီဖြစ်သည့်အတွက် လက်တွဲ​ဖော်တစ်​ယောက် စီစဥ်ရှာ​ဖွေ​ပေးသည်မှာ လွန်စွာကျိုး​ကြောင်းသင့်လှပါသည်။ သူမအ​နေဖြင့် အရင်ကအတိုင်း နား​ထောင်​ပေး၍သာ ပြီးသွားသင့်သည့်ဖြစ်ပြီး ​မေးကြည့်​နေစရာအ​ကြောင်းလည်းမရှိသလို ဝင်​ရောက်စွက်ဖက်​နေဖို့ရာလည်းမသင့်။

သို့သည့်တိုင်​အောင် ယ​နေ့ညတွင် အဘယ်​ကြောင့်မှန်း​သေချာမသိပါဘဲ သူမ၏အမူအကျင့်များဟာ အ​တော်​လေးကို ထိန်းချုပ်မှုကင်းမဲ့​​နေ​ကြောင်း သိရှိိလိုက်ရပါ​တော့၏။

ဤလုပ်ရပ်ဟာ မ​ကောင်းသည့်အ​ကြောင်း အမြဲတမ်းခံစားသိရှိ​နေသည့်အတိုင်း ကျူးလွန်လိုက်ဖို့ရာလည်းမသင့်။ လုပ်ရပ်​လေးတစ်ခု​ကြောင့်ဖြင့် လုံခြုံ​နေသည့်အကွာအ​ဝေး​လေးတစ်ခုကို ချိုး​ဖောက်ပစ်နိုင်သည်မဟုတ်လား။ သူမ​ပြောလိုက်သည့် စကားတစ်ခွန်း ၊ လုပ်ရပ်တစ်ခု ​၊ ဖော်ပြမိသည့်ခံစားချက်တစ်ခုချင်းစီတိုင်းအတွက် အားလုံးဆီ​လျော်​နေရန်မှာလည်း ပို၍ပင်မဖြစ်နိုင်ပါ​ချေ။

သူမတွင်လည်း ခံစားချက်ဟူ၍ရှိသည်။

မ​မျှော်မှန်းထား​ရဲသော စိတ်ဆန္ဒများလည်း ရှိပါသည်။

သူမသည်လည်း သူ့အနားသို့ အနည်း​ငယ်လေးမျှဖြစ်ဖြစ် နီးကပ်သွားကြည့်ချင်ပါ​သေးည်။

ထို့အပြင် အကွာအ​ဝေးဟာ သိပ်ခြားနားလွန်း​နေမည်ကိုလည်း ​​တွေးကြောက်မိပါ​​တော့သည်။

စန်းရန်၏မိသားစုအ​ခြေအ​နေမှာ ​ကောင်းမွန်လှပြီးပြည့်စုံသည့်ဘဝမျိုးကိုပိုင်ဆိုင်ထားရသည်။ အသက်ငယ်ငယ်ဖြင့် ဘားတစ်ခုကိုဖွင့်ထားနိုင်သည့်အပြင် လက်ရှိတွင် အသက်တူရွယ်တူများထက်သာသည့်အလုပ်အကိုင်မျိုးပါ ရှိထားသည်။ သူ လုပ်ချင်သည့်ကိစ္စရပ်တိုင်းကို အခက်အခဲမရှိ လွယ်လွယ်ကူကူ​ကျော်ဖြတ်လုပ်​ဆောင်နိုင်ပြီး မည်သည့်အဆင်မ​ပြေမှုမျိုးကိုမှလည်းတွေ့ကြုံ​နေရသညမျိုးမဟုတ်။

နှင်းဦး​ဝေ​ဝေ [ ဘာသာပြန် ]Onde histórias criam vida. Descubra agora