Arc 4🗡109🗡သတ်လိုက်

Start from the beginning
                                    

ဒီတိုက်ပွဲက နှစ်ဖက်စလုံးအတွက် ဆုံးရှုံးမှုတစ်ခုဟု မှတ်ယူနိုင်ပြီး လူသတ်ဓားသည် စွမ်းအားအနည်းငယ်သာ ရှိတော့တာကြောင့် ပျောက်ကွယ်သွားသည်။

တုံးဖန်းပိုင်လည်း ပါးစပ်ထဲက သွေးတွေ ထွက်လာပြီး တွေးမတွေး​တော့ဘဲ ခေါင်းကို လှည့်ကာ ထွက်ပြေးသွား​တော့သည်။ သူ့စိတ်ထဲတွင် ထိတ်လန့် ကြောက်ရွံ့နေကာ ဤတစ်ကြိမ်တွင် သူကျရှုံးခဲ့မှန်း သိလိုက်သည်။

သို့သော် ထိုသို့သော ဆင်ခြင်တုံတရား မဲ့သော လူတစ်ဦးနှင့် တွေ့ဆုံရန် မမျှော်လင့်ထားခဲ့ပေ။ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်က သူ့ကို ဒဏ်ရာရအောင် လုပ်နိုင်တယ်တဲ့လား။

ကောင်းကင်က လုံးဝ မတရားဘူး!

"သခင်လေး..."

ယွမ့်လင် လုရွှမ်ကို လျင်မြန်စွာ ပြေးထူထားလိုက်သည်။

"သွား သတ်လိုက်.... မလွတ်စေနဲ့!!"

ယွမ့်လင်လည်း ဒီအမှန်တရားကို သိထားပါ၏။ တုံးဖန်းပိုင်သာ လွတ်မြောက်သွားရင် အဆုံးမဲ့ဒုက္ခတွေ ရှိလာလိမ့်မယ်။ တခြားဘာမှ ပြောမနေဘဲ လေမိုးကြိုးဂိုဏ်းမှာ ပါရမီရှင် လူငယ်လေး တစ်ယောက် ရှိတယ်ဆိုတာ ထုတ်ဖော်လိုက်ရုံနဲ့ သူ့ကို လိုက်ဖမ်းပြီး သတ်ပစ်မယ့် အစွမ်းထက်တဲ့ သူတွေ ရှိမှာ သေချာပေါက်ပင်။

ထို့အပြင် သူတော်စင်များအတွက် မက်မောဖွယ်ကောင်းသော အရာများဖြစ်သည့် ထူးဆန်းသော ရတနာများ ပေါ်လာပါက ၎င်းတို့သည် ယနေ့သခင်​လေး ကာကွယ်နိုင်သော အရာမဟုတ်သည်မှာ သေချာပါသည်။

ယွမ့်လင် ခဏလောက် အနားယူလိုက်ပြီး သူ့ရဲ့ ခွန်အားတွေ တဟုန်ထိုး တက်လာတာနဲ့ တုံးဖန်းပိုင်နောက်ကို အလျင်အမြန် လိုက်သွားခဲ့သည်။ သိပ်မကြာခင်မှာပဲ တုံးဖန်းပိုင်ရဲ့ ခေါင်းကို ကိုင်ပြီး ပျော်ပျော်ရွှင်ရွှင်ပဲ ပြန်ရောက်လာ၏။

"သခင်လေး...  ကံမကောင်းတဲ့ အသက်ကို နှုတ်လာပါပြီ"

"ကောင်းပြီ.... ငါတို့အရင် နေရာရှာပြီး ငါတို့ရဲ့ အသက်ရှုလမ်းကြောင်းကို ညှိလိုက်ကြရအောင်"

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now