Arc 4🗡106🗡ယွိလင်းလုံ

Start from the beginning
                                    

လုရွှမ်သည် သူလိမ်ညာ​နေခြင်း မဟုတ်ကြောင်းကိုလည်း ပြသခဲ့ပြီး သူတို့၏ မျက်လုံးများထဲတွင် ဤသူငယ်ချင်းလေးနှင့် ပေါင်းသင်းရလောက်အောင် စိတ်ဝင်စားစရာ ကောင်းသည်ဟု ထင်မြင်လာခဲ့ကြသည်။

လုရွှမ်ရဲ့ စိတ်ထဲမှာ ဘာတွေ ဖြစ်နေတယ် ဆိုတာကိုသာ သူတို့သိရင် လေးယောက်စလုံး သူ့ကို သတ်ပစ်ချင်နေလိမ့်မည်။

"ကြိုးစားထား.... ကြိုးစားထား!"

ကျီးကန်းက ပြင်းပြင်းထန်ထန် ဟောက်ပြီး ကလေးမလေးက လုရွှမ်ရဲ့ ထွက်ပေါက် ခုနစ်ပေါက်ကို မီးခိုးထွက်အောင် လုပ်လိုက်ပါတော့သည်။ ဘယ်လောက်ပဲ အလုပ်ကြိုးစားလုပ် ရတဲ့ အကျိုးကျေးဇူးတွေ အားလုံးက သူ့အပေါ်သာ ကျရောက်လာမှာ မဟုတ်လား။

ဤသို့ဖြင့် တစ်နေကုန်သော် လုရွှမ် နောက်ဆုံးတွင် နဂါးဝိညာဥ်မြက်ပင် အားလုံးကို ဆွဲထုတ်ပြီး တောင်းကြီး တစ်လုံးကို သူ့နောက်ကျောတွင် ထမ်းထားလိုက်သည်။

သိပ်မယုံကြည်သော်လည်း ပေါင်းပင်များကို စစ်ဆေးကြည့်ပေမယ့် ဘာမှမခံစားနိုင်သော လူအိုလေးယောက်ကို တွေ့လိုက်ရသည်။ စိမ်းပြာ နဂါးကြီးရဲ့ ဝိညာဥ်စွမ်းအင်သည် ဝိညာဉ်တစ်ခုရှိပြီး ၎င်းသည် သူ့အလိုလို ပုန်းကွယ်နေလိမ့်မည်။

စိမ်းပြားနဂါး၏ နှလုံးသားဖြင့် စွဲဆောင်နိုင်သော သူ့ကို တွေ့သော အခါမှသာလျှင် နဂါးဝိညာဉ်မြက်ပင်မှ ထွက်သက်ဝင်သက်များ လွင့်ထွက်ပြီး သူ့ခန္ဓာကိုယ်ထဲသို့ ဝင်လာမည်ဖြစ်သည်။

အချိန်အတော်ကြာ စစ်ဆေးပြီးနောက် သူတို့လေးယောက်သည် ထိုအပင်များကို တွန့်ဆုတ်စွာ စွန့်ပစ်လိုက်ကြသည်။ သူတော်စင် ဝိညာဉ်အပင်များ တဖြည်းဖြည်း တောက်ပြောင်လာကာ ဝိညာဉ်စွမ်းအင်များ ပြန်လည် ပေါက်ဖွားလာတာကို တွေ့လိုက်ရသဖြင့် လူတိုင်းသည် လုရွှမ်အား အလွန်ပင် ဝမ်းမြောက်ဝမ်းသာ ကျေးဇူးတင်နေကြ​လေသည်။

လုရွှမ် ပေါင်းပင်များ အနားသို့ လျှောက်သွားသော် ရုတ်တရက် နဂါးဝိညာဉ်မြက်ပင်မှ စိမ်းပြာနဂါး၏ အငွေ့အသက်မှာ ပိုမို ကြီးကျယ်လာပြီး လုရွှမ် ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာခဲ့သည်။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now