Part.25

762 22 0
                                    

ကမ္ဘာDNAစာရွက်ကိုကိုင်ကာနေကြာ့အိမ်ရှေ့သို့ရောက်လာလေ၏။

''နေကြာ...နေကြာ မောင့်ကိုတံခါးလာဖွင့်ပေး''

သူဘဲလ်ကိုအဆက်မပြတ်တီးပြီးခြံတံခါးကိုတဘုန်းဘုန်းထုလိုက်သည်။

နေကြာအခန်းထဲမှာသမီးကိုချော့သပ်နေတုန်းခြံရှေ့ကအသံကြောင့်အခန်းထဲမှထွက်လာပြီးအခန်းတံခါးကိုဖွင့်ထားခဲ့ကာအိမ်ထဲမှထွက်လာခဲ့လိုက်၏။
အိမ်ပေါက်ကနေလှမ်းကြည့်တော့ကမ္ဘာကခြံရှေ့မှာလာပြီးအော်ဟစ်နေ၍သူမစိတ်ထဲနောက်ကျိသွားရသည်။

''နေကြာ မောင်စရာတွေရောမေးစရာတွေရောရှိတယ် မောင့်ကိုထွက်တွေ့ပေးပါနေကြာ''

နေကြာတွန့်ဆုတ်တွန့်ဆုတ်နဲ့ပဲခြံရှေ့ရောက်လာရ၏။
အိမ်မှာသူမနဲ့သမီး နှစ်ယောက်တည်းရှိတာမလား။

''ဘာကိစ္စလဲ''

''မောင်နေကြာ့ကိုမေးစရာရှိတယ် တံခါးဖွင့်ပေး''

''ဒီတိုင်းပဲပြောပါ''

''ဒီစကားကမျက်နှာချင်းဆိုင်မေးမှဖြစ်မှာ''

နေကြာတွေဝေသွားပြီးမှခြံတံခါးဖွင့်ပေးလိုက်ပြီး

''ကဲပြော ဘာပြောမှာမို့''

သူမစကားမဆုံးခင်ကမ္ဘာကသူမကိုဖက်လိုက်တာကြောင့်နေကြာကြောင်သွားရပြီးမှသူ့ကိုအတင်းတွန်းထုတ်ကာ

''ရှင်ဘာလုပ်တာလဲ ကျွန်မကိုကိုခုလိုလုပ်ဖို့ဆိုရင်ရှင်အခုထွက်သွားလိုက်တော့''

ကမ္ဘာကကသူမအားခါးကနေဆွဲဖက်ပြီး

''ရွက်နုလေးကမောင်နဲ့ရတာမလား''

''ဟင်!''

''ဟုတ်တယ်မလား''

''မဟုတ်ဘူး လုံးဝမဟုတ်ဘူး ရှင့်ကိုဘယ်သူပြောတာလဲ''

ကမ္ဘာကသူမလက်ကိုဆွဲကာအိမ်ထဲခေါ်လာပြီးမှလက်ထဲကDNAဆေးစစ်ချက်စာရွက်ကိုပြကာ

''မောင်DNAစစ်ပြီးပြီ''

နေကြာပြောစရာစကားတွေပျောက်ရှသွားရ၏။

''နေကြာ အဲဒါအမှန်တရားမလား မောင့်ကိုပြောစမ်းပါ''

နေကြာလည်းမထူးတဲ့အဆုံး...

အချစ်အပိုင်းအစလေးများ [completed]Où les histoires vivent. Découvrez maintenant