Part.2

868 28 1
                                    

နေမင်းတစ်ယောက်သူ့လက်ထဲကဆံထိုးပိုင်ရှင်​လေးအားပြန်တွေ့လိုတွေ့ငြားဆိုပြီးထိုလမ်းထဲခေါက်တုန့်ခေါက်ပြန်ပတ်နေပေမယ့်သူမနဲ့တူတာဆိုလို့အရိပ်ကလေးတောင်မတွေ့ရပါ။

သူ့အားမျက်ရည်လေးတွေဝဲကာမော့ကြည့်နေသောသူမပုံရိပ်လေးကခုထိသူ့မြင်ကွင်းထဲကမထွက်သေး။
သူမကိုသူဘာလို့များ​အော်လိုက်မိမှန်းမသိ။

သူဒီအကြောင်းကိုသူ့သူငယ်ချင်းတွေဖြစ်တဲ့ထွဋ်ခေါင်နဲ့ကျူးလစ်ကိုပြောပြတော့သူတို့ကရယ်သည်။

''ခွေးကောင် ပြောတော့မိုးလားကဲလားနဲ့ ခုတော့မိနစ်ပိုင်းလေးတွေ့လိုက်တဲ့မိန်းကလေးကိုမှ​ကြွေသွားရတယ်လို့''

''အေးလေ ငါကနင့်ကိုဒီတစ်သက်မစွံတော့ဘူးမှတ်နေတာ''

သူတို့သုံးယောက်ဆုံနေကျစားသောက်ဆိုင်မှာသူတို့စားကြသောက်ကြရင်းစကားပြောနေကြတာပါ။
ဒီဆိုင်ကစားစရာတွေကတစ်ခါစားပြီးရင်ထပ်စားချင်လောက်တဲ့ထိကောင်းတာမို့သူတို့ဒီဆိုင်လေးကိုတစ်ပတ်တစ်ခါတနင်္ဂနွေနေ့တိုင်းလာဖြစ်သည်။

''အဲဒါအသာထားစမ်းပါ သူကမင်းတို့လမ်းထဲကထင်တာပဲကွာ ဆံပင်ကကျောလောက်ကိုဖြောင့်စင်းနေတာပဲ ပါးမှာစံပယ်တင်မှဲ့လေးနဲ့ အရပ်ကငါ့ရင်ဘတ်လောက်ပဲရှိတာ မသိဘူးလားထွဋ်ခေါင်''

''မသိပါဘူးဆိုကွာ မေမေတော့သိမလားမပြောတတ်ဘူး''

''ဒေါ်လေးစွဲညှို့ကိုမေးပေးစမ်းပါ ငါတစ်ကယ်ကြီး''

သူ့စကားမဆုံးခင်ဆိုင်ထဲကိုဝင်လာတဲ့မိန်းကလေးကြောင့်သူမျက်လုံးအစုံကအရောင်တောက်သွားရသည်။

''သူ''

ဒီနေ့တော့သူနဲ့တွေ့တုန်းကပုံစံနဲ့မတူပဲမျက်နှာမှာဂျစ်ကန်ကန်ပုံစံလေးကလွှမ်းခြုံနေလေ၏။

ထွဋ်ခေါင်နဲ့ကျူးလစ်တို့နေမင်းမျက်တောင်မခတ်တမ်းကြည့်နေတဲ့ဆီကိုကြည့်လိုက်တော့ကျောလယ်လောက်ရှိသောဆံပင်ကိုရေလှိုင်းကောက်လေးကောက်ကာဖားလျားချထားပြီးပေါင်တစ်ဝက်သာရှိသောbody fitအနက်ရောင်လေးဝတ်သားသောကောင်မ​လေးကပီကယ်ကိုတစ်ထောက်ထောက်ဝါးရင်းဆိုင်ထဲဝင်လာနေလေသည်။
ပြီးတော့ကောင်တာဆီသွားကာ

အချစ်အပိုင်းအစလေးများ [completed]Donde viven las historias. Descúbrelo ahora