Part.16

663 19 0
                                    

စိမ်းတစ်ယောက်ကမ္ဘာ့ရဲ့ကုန်တိုက်သို့ရောက်လာခဲ့၏။

အဲဒါကလည်းတစ်ခြားမဟုတ်။သူနဲ့နေကြာနဲ့ကိုအမြဲအတူတူတွဲမြင်နေတယ်ဆိုပြီးစိမ်းရဲ့အသိတစ်ယောက်ကပြောလို့ပါ။

ကမ္ဘာကနေကြာ့ကိုတစ်ကယ်ချစ်လို့တွဲတာကိစ္စမရှိပေမယ့်အကြောင်းတစ်ခုခုကြောင့်တွဲနေတာဆိုရင်တော့စိမ်းတားရလိမ့်မည်။

ကမ္ဘာတစ်ယောက်သူ့ရုံးခန်းထဲမှာရှိနေတုန်းတံခါးဖွင့်သံကြား၍သူ့ရင်ထဲထိတ်ခနဲဖြစ်သွားရ၏။
သူ့ရုံးခန်းကိုတံခါးမခေါက်ပဲဝင်နိုင်တာစိမ်းတစ်ယောက်သာရှိသည်လေ။

သူတံခါးရှိရာဆီကြည့်လိုက်တော့တစ်ကယ်ကိုစိမ်းဖြစ်နေ၍သူထိုင်ခုံမှထရပ်ကာ

''စိမ်း''

သူချက်ချင်းပဲသူမဆီသွားပြီးသိုင်းဖက်ကာ

''စိမ်းမောင့်ဆီလာတယ် ဝမ်းသာလိုက်တာစိမ်းရာ''

စိမ်းသူ့အားတွန်းဖယ်ပြီး

''စိမ်းကိုအဲလိုမလုပ်ပါနဲ့ အခုစိမ်းကအိမ်ထောင်သည်ဖြစ်နေပြီ''

''စိမ်းကဟိုကောင့်အတွက်ထည့်တွေးနေတာလား''

''စိမ်းရဲ့သိက္ခာအတွက်ပါ စိမ်းဒီကိုလာတာက သိချင်တာရှိလို့''

''ထိုင်လေ''

သူတို့နှစ်ယောက်ဆိုဖာမှာဝင်ထိုင်လိုက်၏။

''စိမ်းဘာသိချင်တာလဲ''

''ရှင်နဲ့နေကြာတွဲနေတာလား''

''သတင်းကမြန်လိုက်တာ ဘာလဲ စိမ်းကသဝန်တိုနေတာလား''

''စိမ်းမေးတာကိုပဲဖြေပါ ဒါတိုက်ဆိုင်တာလား''

''မဟုတ်ဘူးဆိုရင်ရော''

''ဘယ်လို''

''ကိုယ်စိမ်းရဲ့ယောကျ်ားကိုမုန်းလို့နေကြာပွင့်ကိုအသုံးချနေတာ''

စိမ်းချက်ချင်းပဲမတ်တပ်ထရပ်လိုက်၏။

''ဘာပြောလိုက်တယ် ဒါဆိုရှင်ကနေကြာ့ကိုလှည့်စားနေတာပေါ့ ဟုတ်လား''

''ဟုတ်တယ်''

''ရှင်ရပ်တန်းကရပ်လိုက်ပါကမ္ဘာသစ် ဘာမှမဆိုင်တဲ့သူတွေကိုထိခိုက်နာကျင်ရအောင်မလုပ်ပါနဲ့''

အချစ်အပိုင်းအစလေးများ [completed]Where stories live. Discover now