Part.12

626 20 0
                                    


''ကိုကြီး ခြွေတို့အချိန်တန်ပြီထင်တယ်''

အစမရှိအဆုံးမရှိပေမယ့်ခြွေ့စကားရဲ့အဓိပ္ပါယ်ကိုဧကရာဇ်သဘောပေါက်သည်။

''အင်း သားတွေလည်းအရွယ်ရောက်နေပြီပဲ သူတို့သိဖို့အချိန်တန်ပါပြီ''

''ခြွေကသူတို့အမေမဟုတ်ပဲသူတို့တီလေးဖြစ်နေတယ်ဆိုရင်သားတွေလက်ခံနိုင်ပါ့မလားဟင် ခြွေစိတ်ပူလိုက်တာ''

''သားတွေလည်းစဥ်းစားဆင်ခြင်ဉာဏ်ရှိနေတဲ့သူတွေပါ သူတို့လက်ခံနိုင်မှာပါ''

ဧည့်ခန်းထဲကစကားသံတွေကရဲသွေးနားထဲမှာမိုးခြိမ်းသံအလား။
သူတို့တစ်ချိန်လုံးအမေလို့ထင်ထားခဲ့တဲ့သူကသူတို့အမေမဟုတ်ပဲတီလေးတဲ့။

__________

ရဲသွေးဘားထဲမှာစိတ်ညစ်ညစ်နဲ့အရက်ထိုင်သောက်နေမိသည်။

သူဘယ်တုန်းကမှသူ့အမေကသူ့အမေမဟုတ်ဘူးလို့မတွေးခဲ့ဖူးပါချေ။
ဒီကိစ္စရဲစွမ်းသိရင်ဘယ်လိုနေမယ်မသိ။
ပြီးတော့သူတို့ညီမလေးတွေနဲ့ကလည်းဖအေတူမအေကွဲတွေဖြစ်သွားပြီ။

ထိုစဥ်

''ရဲသွေး''

အသံလာရာကိုလှည့်ကြည့်လိုက်တော့ကျူးလစ်ဖြစ်နေ၍သူဘားရဲ့ပတ်ပတ်လည်ကိုကြည့်လိုက်တော့မှဒါကျူးလစ်ရဲ့ဘားမှန်းသိလိုက်ရ၏။

''တစ်ယောက်တည်းလား''

''ဘယ်နှစ်ယောက်မြင်နေလို့လဲ''

''ဟီး ဟို ကျူးလစ်ကစကားမရှိစကားရှာတာပါ''

''ငါစိတ်ညစ်နေတယ် မင်းသွားတော့''

''ဘာတွေညစ်နေတာလဲ ကျူးလစ်ကိုပြောပြလေ''

ထိုစဥ်သူတို့ဝိုင်းသို့မိန်းကလေးတစ်ယောက်ရောက်လာပြီး

''ဘယ်သူများလဲမှတ်တယ် exကိုး မတွေ့တာကြာပြီနော်''

''အာရုံလာနောက်မနေနဲ့ သွားစမ်း''

''အိုး အရင်လိုဘုကန့်လန့်ကြွတ်ဆတ်ဆတ်ပါပဲလား''

''မင်းကိုသွားတော့လို့ပြောနေတယ်လေ လူလိုနားမလည်ဘူးလား''

''သွားမှာပါ ဒါနဲ့ ရှင်ကျွန်မနဲ့လမ်းခွဲပြီးတော်တော်လေးခံစားလိုက်ရတယ်ဆို''

အချစ်အပိုင်းအစလေးများ [completed]Waar verhalen tot leven komen. Ontdek het nu