Part.11

620 19 0
                                    

နေကြာသူ့အားစိုက်ကြည့်နေတုန်းသူကနေကြာ့နားရောက်လာပြီးသူမအားအနားကဆိုဖာပေါ်ဆွဲလှဲချပြီးအပေါ်ကနေအုပ်မိုးကာနှုတ်ခမ်းအားခပ်ကြမ်းကြမ်းနမ်းလာလေ၏။

''အွန်း အွန့်''

နေကြာအသက်ရှူရခက်စွာသူ့ရင်ဘတ်အားလက်နဲ့တွန်းတော့သူကနေကြာ့လက်တွေအားလက်တစ်ဖက်တည်းနဲ့ချုပ်နှောင်ပြီးအဆက်မပြတ်နမ်းနေဆဲပင်။

သူနမ်းလို့ဝမှနေကြာ့အားလွှတ်ပေးပြီး

''ဒီနေ့ကစပြီး မင်းကငါ့ကောင်မလေးပဲ''

နေကြာသူ့အားမျက်ရည်တွေဝေ့နေသောမျက်ဝန်းတွေနဲ့မော့ကြည့်လိုက်မိသည်။
ဒီလူကတော်တော်လေးနားလည်ရခက်ပုံပဲ။

''ဟိတ် ကိုယ်ပြောတာကြားလား''

''အင်း''

''ခေါ်ကြည့်''

''.....''

သူကနေကြာ့နားနားလေးကပ်ကာ

''မောင်လို့''

''အမ်''

''ခေါ်လေ''

နေကြာ့နှုတ်ခမ်းလေးကတလှုပ်လှုပ်ဖြစ်လာပြီး

''မောင်''

''လိမ္မာတယ်''

ပြောပြီးသူနေကြာ့ပေါ်မှထလိုက်၏။

''မင်းနာမည်က''

''နေကြာပွင့်''

ရည်းစားဖြစ်ပြီးမှနာမည်မေးရတယ်လို့။တစ်ကယ်ကိုကြောင်တောင်တောင်နိုင်လွန်းတာပင်။

''ခဏစောင့် အိမ်ပြန်လိုက်ပို့မယ်''

ပြောပြီးစားပွဲမှာပြန်သွားထိုင်သောသူ့အားနေကြာကြောင်အမ်းအမ်းနဲ့ကြည့်နေမိသည်။

ဘုရားစူးရည်းစားဖြစ်ပုံဖြစ်နည်းပဲ။

🌵🌵🌵

လူနှစ်ယောက်ပဲရှိတဲ့စိမ်းတို့အိမ်လေးကရှိတဲ့လူနှစ်ယောက်ကမသင့်မြတ်ကြတော့အိမ်ကအပ်ကျသံပင်မကြားရလောက်အောင်တိတ်ဆိတ်နေလေသည်။

စိမ်းမထင်ထား​လောက်အောင်သူကစိမ်းအပေါ်ကောင်းပေမယ့်စိမ်းကတော့သူ့ကိုအမြင်မကြည်မြဲပါပဲ။

အချစ်အပိုင်းအစလေးများ [completed]حيث تعيش القصص. اكتشف الآن