Part.5

1.1K 35 0
                                    

ဧကရာဇ်နဲ့ခြယ်တို့ဝတ်ကောင်းစားလှများဖြင့်အပေါ်ထပ်မှဆင်းလာလေ၏။

ဧကရာဇ်က

''အဖွားနေမကောင်းနေလို့သာသွားရမှာ အိမ်ကငါးမြွေထိုးသုံးကောင်ကိုစိတ်ကမချဘူး''

သူတို့အိမ်ထောင်ပြုပြီးကတည်းကအဖွားကရာသက်ပန်တရားစခန်းဝင်သွားတာပင်။အခုအဖွားနေမကောင်းနေဘူးဆို၍အဖွားရှိနေတဲ့တရားစခန်းကိုသူတို့သွားကြမလို့ပါ။

''အဖူးရှိနေတာပဲကိုကြီးကလည်း''

''အဲ့သုံးကောင်ကအဖူးစကားကိုဖုတ်လေတဲ့ငါးပိရှိတယ်တောင်ထင်မှာမဟုတ်ဘူး''

အောက်ထပ်ကိုရောက်တော့ဧည့်ခန်းထဲမှာသူတို့ကိုထိုင်စောင့်နေတဲ့သားသမီးလေးယောက်အား

''ဖေဖေတို့သွားတော့မယ် မင်းတို့ကိုတစ်ခါတည်းမှာထားမယ် အေးအေးဆေးဆေးနေကြ ပြန်လာရင်ဘာသံမှမကြားချင်ဘူး''

''ဟုတ်ကဲ့''

အဖူးမှလွဲ၍သုံးယောက်သားပြိုင်တူပြောလိုက်၏။

''ပြောရင်ဟုတ်ကဲ့ လုပ်ရင်သောက်တလွဲတွေ''

''ကိုကြီးနော် ကလေးတွေကိုအဲလိုမဆဲနဲ့ ခြွေမကြိုက်ဘူး''

''ဟုတ်ပါပြီ ကြပ်ကြပ်အလိုလိုက် သွားကြစို့ နောက်ကျနေမယ်''

အဖေနဲ့အမေထွက်သွားတာနဲ့မျောက်သုံးကောင်ပြိုင်တူအော်လိုက်ကြပြီး

''ကိုကိုတို့ နေကြာတို့ဘားသွားကြမယ်''

''အေး ကောင်းတယ် ဘယ်ချိန်သွားကြမလဲ''

''ရှစ်နာရီလောက်''

အဖူးအစ်ကိုတွေနဲ့အစ်မအားစိတ်ပျက်သလိုကြည့်ကာ

''ကိုကိုတို့ကလည်း ဖေဖေတို့တောင်ရပ်ကွက်ထဲကထွက်ရဦးမှာမဟုတ်သေးဘူး''

''နင်လည်းလိုက်ခဲ့အဖူး''

''ဟင့်အင်း မလိုက်ဘူး''

''နင်တစ်ယောက်တည်းနေရဲလို့လား ငါတို့ကတစ်ညလုံးပြန်မလာဘူးနော်''

''နေရဲတယ်''

''သေချာလား တော်ကြာနေ သရဲခြောက်ခံနေရဦးမယ်''

အချစ်အပိုင်းအစလေးများ [completed]Where stories live. Discover now