Part.6

1.1K 36 0
                                    

နေမင်းနဲ့အဖူးတို့ရန်ကုန်ကိုပြန်ရောက်တာနဲ့မိန့်တို့လည်းအဖူးအားလူကြီးဆုံရာနဲ့ပြန်အပ်ပြီးလက်ထပ်မယ့်ရက်ကိုသတ်မှတ်လိုက်ကြသည်။

''အဟင့် အီးဟီး မယူချင်ဘူး ယောကျ်ားမလိုချင်ဘူး''

ရှိုက်ကြီးတငင်ငိုနေသောသမီးဖြစ်သူအားခြွေဘယ်လိုနှစ်သိမ့်ရမလဲမသိ။

''သမီးကလည်းကွယ် မယူလို့ဘယ်ရမလဲ အခုအကုန်လူသိရှင်ကြားဖြစ်ကုန်ပြီ''

''အဖူးနဲ့သူနဲ့ဘာမှမဖြစ်ခဲ့ဘူးလေမေမေ''

''ဘယ်လိုပဲဖြစ်ဖြစ်အခုပတ်ဝန်းကျင်ကသမီးကိစ္စသိကုန်ကြပြီလေ ပြီးတော့နောက်လပဲလက်ထပ်ကြရတော့မှာကို ခုမှတော့ဘာမှပြန်ပြင်ဆင်လို့မရတော့ဘူးသမီး''

အခုအဖူးတတ်နိုင်တာငိုနေဖို့ပဲရှိတော့တာပဲ။

တစ်ဖက်မှာလည်းကျူးလစ်တစ်ယောက်နေမင်းနဲ့ထွဋ်ခေါင်အားပြဿနာရှာနေပါပြီ။

''ခွေးကောင်တွေ နင်တို့ကမိန်းမတွေယူသွားကြတော့ငါကဘယ်လိုလုပ်ရတော့မှာလဲလို့ ငါတော့အဖော်မဲ့ပါပြီ အီးဟီး''

''ငိုမနေစမ်းပါနဲ့ကျူးလစ်ရာ ငါတို့အိမ်ထောင်ကျသွားနင့်ကိုတော့ပစ်မထားပါဘူးဟ''

''အပိုတွေ ငါလည်းရှာပြမယ်ကြည့်ထားကြ''

ထိုအခါထွဋ်ခေါင်က

''ဘယ်သူလဲ နင်ပုဆိုးကျွတ်ကျအောင်လုပ်လိုက်တဲ့သူလား''

''ရဲသွေးလား ဘယ်ကသာ''

ထိုသို့ပြောနေတဲ့သူမမျက်နှာကငွေလမင်းကြီးလိုဝင်းပနေတာအမှန်ပင်။

ပြောရရင်ရဲသွေးရန်ဖြစ်နေတဲ့ပုံစံကသူမမျက်လုံးထဲဆွဲဆောင်မှုရှိပြီးကြည့်ကောင်းနေခဲ့သည်မဟုတ်ပါလား။

''ချောတယ်''

သူမစိတ်ထဲမှမှတ်ချက်ချလိုက်၏။

🌵🌵🌵

ရဲစွမ်းတစ်ယောက်ထုံးစံအတိုင်းစိမ်းဆီသို့ပန်းတစ်ပွင့်နဲ့ရောက်လာပြန်သည်။

ဒီတစ်ခါတော့ဆေးခန်းထဲထိရောက်လာတာပါ။

''စိမ်း''

အချစ်အပိုင်းအစလေးများ [completed]Onde histórias criam vida. Descubra agora