Part.17

1.1K 31 0
                                    


ဟိန်းထက်မြတ်တို့အိမ်မှာငိုသံတွေဖြင့်ဆူညံနေလေ၏။

ကျူးလစ် ကိုဟိန်းဓာတ်ပုံကိုကြည့်ကာဖြည်မဆည်နိုင်ဖြစ်ရသည်။

''ကျူးလစ်ဘယ်ဟိုတယ်မှာမင်္ဂလာဆောင်ချင်လဲ ကိုယ်ကကျူးလစ်သဘောအတိုင်းပဲနော် ကိုယ်ကကျူးလစ်ကိုစိတ်ချမ်းသာစေချင်တာ''

''မင်္ဂလာဆောင်ကျရင်ခန်းမတစ်ခုလုံးကိုကျူးလစ်ပန်းတွေအလှဆင်မှာ ဘယ်လောက်ကုန်ကုန်''

''ဟန်းနီးမွန်းကိုကမ္ဘာအနှံ့သွားကြမလားကျူးလစ်''

''လက်ထပ်လက်စွပ်ကိုစျေးအကြီးဆုံးအလှဆုံးဟာဝယ်ရမယ် ကိုယ်ကကျူးလစ်ကိုအကောင်းဆုံးတွေချည်းပေးချင်တာ''

''ကိုယ်ချစ်ရတဲ့ကျူးလစ်နဲ့အိမ်ထောင်တစ်ခုကိုတည်ဆောက်ရတော့မယ်ဆိုတော့ကိုယ်အရမ်းပျော်တာပဲ ကျူးလစ်ကိုတစ်သက်လုံးစိတ်ချမ်းသာအောင်ထားမယ် ပြီးတော့သားသားမီးမီးလေးတွေနဲ့အမြဲပျော်ပျော်ရွှင်ရွှင်နေကြမယ်''

သူပြောဖူးတဲ့စကားတွေပြန်ကြားယောင်လာချိန်မှာကျူးလစ်ရင်ဘတ်တစ်ခုလုံးဆွဲဆုတ်ခံလိုက်ရသလိုပင်။

''ဟိုဟိန်းကတိမတည်ဘူး ကိုဟိန်းညာတယ် ကျူးလစ်ကိုတစ်ယောက်တည်းထားခဲ့ရက်တယ် ကျူးလစ်ကိုဆုံးရှုံးရမှာကြောက်တယ်ဆို အခုတော့ကိုဟိန်းကအရင်ဆုံးထွက်သွားပြီးကျူးလစ်ကိုဝေဒနာတွေနဲ့ထားခဲ့ပြီလား''

သူမရင်ထဲကစကားတွေကနှုတ်ကနေထွက်မလာ။
ကံတရားကအဲလောက်ပဲရက်စက်ရသလား။

သူမရင်ထဲမှာတစ်ကယ်ကိုပိတ်လှောင်ကာမွန်းကြပ်စုတ်ပြတ်နေပါပြီ။

ရဲသွေးလည်းထိုသတင်းကိုကြားကြားချင်းအတော်လေးစိတ်မကောင်းဖြစ်ရသည်။
သူကျူးလစ်တို့အိမ်ရောက်လာပေမယ့်အိမ်မှာဘယ်သူမှမရှိ။

ခုချိန်လောက်ဆိုကျူးလစ်အရမ်းခံစားနေရတော့မှာ။

''ကိုဟိန်းထက်မြတ် ကောင်းရာဘုံဘဝရောက်ပါစေ''

သူစိတ်ထဲမှတီးတိုးဆုတောင်းလိုက်တော့သည်။

____________

ကိုဟိန်းရဲ့ရက်လည်အပြီးမှာကျူးလစ်လည်းဖေဖေ့ရဲ့တူမ သူမရဲ့အစ်မတစ်ဝမ်းကွဲရှိရာပြင်ဦးလွင်သို့သွားဖို့ပြင်တော့သည်။
အစ်မတစ်ဝမ်းကွဲသာဆိုတာသူမအမေနဲ့ရွယ်တူရယ်။

အချစ်အပိုင်းအစလေးများ [completed]Wo Geschichten leben. Entdecke jetzt