တီ တီ!
Vibrate လုပ်ထားသော ဖုန်းက ဆက်တိုက်လာနေတာမို့ TaeHyung ကိုင်ရနိုး မကိုင်ရနိုး
တွေဝေနေမိ၏။EunKyung ဆီက ဖုန်းမို့
ခေတ္တမကိုင်ဘဲထားလိုက်သော်ငြား သူ့အား ကားတင်ပြေးလာသော ချာတိတ်၏ ဖုန်းကမူ ဆက်တိုက်ပင် တုန်ခါနေပြီး များစွာသော ဖုန်းအဝင် Call တို့က နံပါတ်တွေမတူခဲ့။"ဒီလူတွေ
သူများကိစ္စကို ဘာတွေ
လာစိတ်ဝင်စားနေကြတာလဲ?။
ParkJimin
ယောင်္ကျားခိုးပြေးတာ
သိပ်ဆန်းပြားနေကြတယ်ထင်"ကလေးမဟုတ်တော့ပါသော ကောင်ကလေးဟာ နှုတ်ခမ်းဆူ၍ သတင်းထောက်များအားလည်း မကျေမနပ်ရေရွတ်ကာ စိတ်ဆိုးနေခဲ့သည်။
Message တွေ ဆက်တိုက်ထပ်ကျလာပြီးနောက်တွင်တော့ ထိုကောင်လေးဟာ စိတ်ရှုပ်လာဟန်ဖြင့် ကျစ်ခနဲ တစ်ချက်စုတ်သပ်လိုက်ပြီး ဖုန်းအား Power Off လိုက်လေတော့သည်။
တီ တီ!
သူ့ဘက်မှာလည်း
EunKyung က
မကိုင်မချင်း ခေါ်မည့်ဟန်။ဘေးကိုကြည့်လိုက်တော့ ချာတိတ်အဆိုးလေးဟာ ကားမောင်းခြင်းတွင်သာ အာရုံစိုက်ထားပြီး တစ်စုံတစ်ရာအား အလေးအနက် စဉ်းစားနေဟန်ရှိသည်။
တီ တီ!
သုံးခေါက်မြောက်သော အဝင် Call အား TaeHyung လျစ်လျူမရှုနိုင်တော့။
"Hello EunKyung "
"ဟဲ့ !!
လောကကြီး
ဘာတွေဖြစ်ကုန်တာလဲ?
IG ကို ခဏကြည့်ပါအုန်း။
ငါ့မျက်လုံးငါ မယုံနိုင်လို့""ဟင်....အေး....အေး"
EunKyung ၏
အထိတ်တလန့်အသံကြောင့်
အလျင်အမြန်
IG ဖွင့်ကြည့်ပြီးနောက်တွင်တော့ TaeHyung လိပ်ပြာပင် လွင့်ချင်သွားရသည်။"ချာတိတ်... ဘာလို့...
ဒီ Post ကို....."ကားစထွက်ခါနီးအချိန်က သူနဲ့ အနီးကပ် ရိုက်ထားသော Selfie ပုံအား ParkJimin Acc တွင် တင်ထား၏။
ပုံက ထူးဆန်းတာမဟုတ်။
ရေးထားသည့် Capation က
လူကို ခေတ္တသေဆုံးသွားစေခဲ့သည်ပင်။"ဒုတိယမြောက်
တွေ့ဆုံခြင်းပေမယ့်
ကိုကို့ကို ကျွန်တော့အပိုင်အဖြစ် အပြီးခိုးသွားလိုက်ပါပြီ ဟီး"