နီးသည်ဖြစ်စေ ၊
ဝေးသည်ဖြစ်စေ
Relationship တစ်ခုတည်ဆောက်ထားသူတွေအတွက် ဘဝလက်တွဲဖော်အဖြစ်ရည်ရွယ်ထားသည့်
ချစ်ရသူနှင့်
မှတ်မှတ်ရရ ဖြတ်သန်းရမည့်နေ့ဖြစ်ပြီး......စာရေးသူနှင့် စာဖတ်သူတို့လို
တောင်ပံတစ်ဖက်မဲ့နေသော
သူများအတွက်ကျ နည်းနည်း ကသိကအောက်ဖြစ်ရသော.......February 14........။
ဒီနေ့လိုတွေ အပြင်ထွက်ရင်
ချောကလက်ဗူး၊ ပန်းစည်းနှင့်
အရုပ်ကြီးများကိုင်ဆောင်ထားသော ကောင်မလေးက အလှဆုံးပြုံးနေလိမ့်မည်ဖြစ်ပြီး
နောက်လက်တစ်ဖက်တွင်တော့
ချစ်ရသူ ကောင်လေး၏ လက်တစ်ဖက်အား မြဲမြံစွာဆုပ်ကိုင်၍
လျှောက်သွားနေကြလိမ့်မည်။ဤမြင်ကွင်းမျိုးက
အပြင်စထွက်သည်နဲ့တစ်ပြိုင်နက် နေရာအနှံ့တွင် မြင်တွေ့ရမည် ဖြစ်သည်။အပြင်ထွက်မှမြင်ရမည်ဟု
ထင်ခဲ့သည်။သို့သော်
အိမ်တွင်းပုန်းကာ စာကြိတ်ရေးနေသော စာရေးသူအတွက်လည်း
ဤမြင်ကွင်းက ပြေးမလွတ်ခဲ့။"ငါ့ကောင်လေးပေးတာ။
အများကြီးမို့နင့်လည်းကျွေးချင်လို့" ဆိုပြီး
အိမ်တိုင်ယာရောက်
ချောကလက်လာကျွေးသွားသော
အတော်ပင်ကျေးဇူးကြီးလှသည့်
သူငယ်ချင်းမအား ပိုင်ဆိုင်ထားခဲ့သည်ကြောင့်ပင်။တံဆိပ်အမျိုးအစားများအားလည်း သေချာရှင်းပြသွားပြီး
"အားမငယ်နဲ့ နင်လည်း
တစ်နေ့ရမှာ။ ရည်းစားဟောင်းကိုသာ အရင် မုအွန်လိုက်" ဟုပါ
စိတ်ကို ဆွသွားခဲ့သေးသည်။"လူယုတ်မာတွေ!"
မကျေမနပ်ရေရွတ်ရုံကလွဲ
ဘာမှလည်း မတတ်နိုင်ခဲ့။လာကျွေးသွားသော ချောကလက်တွေ
ပါးစပ်ထဲ သွတ်ထည့်ပြီး
စိတ်ဆိုးမာန်ဆိုးစာတွေထရေးတော့ Fic ထဲက အတွဲတွေက
စာရေးသူကိုမှ အားမနာ ။
အလွန်အကြူးချစ်ပြကြသည်။သိပ်ဝမ်းနည်းစရာတွေ.......။
တစ်ခုဖြေသာသည်က
"ဦးငယ်"ကို ရေးသားပြီးသည်မှာ အတော်ပင်ကြာပြီးမို့ တော်ပါသေးသည်။
မဟုတ်ရင် ဒီနေ့လိုတွေ ဘယ်လောက်တောင် ချစ်ပြအုန်းမလဲမသိ။