💌End💌

496 60 5
                                    

ပင်လယ်လေသည် တစ်ဖြည်းဖြည်း အအေးဓာတ်အား ယူငင်လာ၏။
Jimin ၏ ခပ်ပါးပါးဆွယ်တာလေးဟာ ယခုအခါ ၎င်းဒဏ်အား အံမတုနိုင်။

Manager ကြီးအား
လာခေါ်ခိုင်းရန်လည်း
ဖုန်းကရှိမနေ။
ဒီနေရာမှာ သူတစ်ယောက်ထဲ။

ကြောက်လန့်စိတ်ကြောင့်လား?
အအေးဓာတ်ကြောင့်လား?မသိ
ခန္ဓာကိုယ်က အေးခဲထုံကျင်လာ၏။

ငိုထားသည်ကြောင့် မျက်ဝန်းအိမ်တို့ကျိန်းစပ်နေပြီး နှလုံးသားတစ်ခုလုံးလည်း နာနာကျင်ကျင် ရှိခဲ့သည်။

ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်ရင်း ပင်လယ်ဘက်လှည့်ကာ အဓိပ္ပာယ်မဲ့ ငေးကြည့်နေမိ၏။

"ကိုကို~"

လှိုင်းလုံးကြီးများက တစ်ချက်ချင်း ပြင်းပြင်းထန်ထန်ရိုက်ခတ်၏။
အဆုံးတွင် ရေမှုန်ရေစက်များက
လေထဲတွင် ဖွာခနဲပြန်ကျလာပုံက
Jimin ၏ အာရုံအလုံးစုံအား
ညှို့ယူသွားတော့သည်။

အနှီလှိုင်းလုံးကြီး
နောက်ထပ်တစ်ဖန် ရိုက်ခတ်လာချိန်တွင် Jimin က စတင်ရေတွက်တော့သည်။

"ကိုကို ပြန်လာမယ်"

ရေမှုန်ရေစက်များ နောက်ထပ်တစ်ခါ လွင့်ဖွာသွားချိန်တွင် -

"ကိုကို ပြန်မလာဘူး"

လှိုင်းလုံးသည် ပုံမှန်ရိုက်ခတ်၏။

"ကိုကိုပြန်လာမယ်"

တိုးတိုးလေး ရေတွက်နေမိဆဲ။

"ကိုကိုပြန်မလာဘူး"

ကလေးဆန်လွန်းသွားခဲ့သည်။
ယခုအပြုအမူများသည်လည်း
ကလေးဆန်နေသေးတုန်းမှန်း
Jimin သိပါသည်။

ကိုကို ပြန်မလာတော့ရင်
သူဘယ်လိုများ လုပ်ရပါ့။

တစ်ညနေလုံး ဒီမှာပဲ ဆက်စောင့်နေရမလား?.......။

"ကိုကိုပြန်လာမယ်"

အချိန်ကြာလာသည့်အခါ
တိကျပုံမှန်လွန်းစွာ ရေတွက်နေသော Jimin ၏ အသံက
တစ်ဖြည်းဖြည်း မျှော်လင့်ချက်မဲ့စွာ အားလျော့လာပြီး အသံတို့ တိုးဖျော့လာ၏။

"ကိုကို ပြန်မလာဘူး"

"ကိုကို......"

ဆက်မရေတွက်တော့ရန်ဆုံးဖြတ်လိုက်ချိန်တွင် ဘယ်ဘက်ပါးပြင်ထက် ပူနွေးနွေး မျက်ရည်စီးကြောင်းတစ်ခုက ခပ်မြန်မြန်ကျဆင်းလာပြီး နှလုံးသားတစ်စုံသည် ရင်ထဲမှ အစိမ်းသက်သက်
ဆွဲနှုတ်ခံလိုက်ရသည့်နှယ် ဟောင်းလောင်းပေါက်တစ်ခုဖြစ်သွားခဲ့တော့သည်။

First ValentineWaar verhalen tot leven komen. Ontdek het nu