💌

1K 87 26
                                    

"ParkJimin !!"

"ParkJimin !!"

အနက်ရောင် အနွေးထည်ကြီးထဲ
နစ်မြှုပ်နေသည့် ခပ်သေးသေးခန္ဓာကိုယ်သည် လှုပ်လီလှုပ်လဲ့လျှောက်လှမ်းလာရာမှ
ပရိသတ်များ၏ အော်ဟစ်အားပေးသံများအား အသိအမှတ်ပြုဟန်ဖြင့် မျက်နှာအား အနည်းငယ်မော့၍ မျက်လုံးဝင့်ကာကြည့်လာသည်။

အနက်ရောင်ဦးထုပ်အောက်မှ
Blonde hair တို့သည် အနည်းငယ်မျှသာ ပေါ်နေသော်ငြား ဖြူဥသော အသားအရည်နှင့် လိုက်ဖက်လွန်းနေ၏။

ဆံပင်အရောင်တွေ ခဏခဏပြောင်းလဲသွားတိုင်းလည်း ရိုးအီသွားရသည်မရှိဘဲ ဘယ်ချိန်ထွက်လာထွက်လာ ParkJimin မို့လို့ ကြည့်မဝရှုမဝ ရူးသွပ်ရသည်။

နှာခေါင်းစည်း အဖြူရောင်နှင့် အနက်ရောင်ဦးထုပ်ကြား
လစ်လပ်နေသောနေရာတို့အား
မြင်နေရပြီး ဖြူဥသော နားသယ်စပ်သည် ဘယ်သောအခါကမှ မြတ်နိုးခြင်းတို့ ယုတ်လျော့မသွားရသည့် နယ်မြေတွေ.......။

"ParkJimin !! ချစ်တယ် !!"

Fan boy တစ်ယောက်၏
အောင်မြင်ကျယ်လောင်သောအသံက လူအုပ်ကြီး၏ အသံအားကျော်လွန်ကာထွက်ပေါ်လာသည်မို့ Jimin ရှက်ပြုံးလေးပြုံးသွားခဲ့သည်ထင်၏။
ဦးထုပ်အောက်မှ မျက်ဝန်းလေးတွေ လခြမ်းကွေးလေးတွေလို ဖြစ်သွားခဲ့ရသည်။

"ချစ်တယ်လို့ !! ParkJimin!!"

နောက်တစ်ခေါက် ထပ်အော်လိုက်သည့်အချိန်တွင်မူ
လက်တစ်ဖက်မြှောက်တက်လာပြီးနောက် ပြန်လည်ဝှေ့ယမ်းနှုတ်ဆက်လာသည်။

"သိပါပြီ သိပါပြီလို့"

ခပ်စွာစွာ တုန့်ပြန်လာတဲ့
အသံလေးက နူးနူးညံ့ညံ့လေး။
ရှက်နေတော့ Manager ကြီး၏
ပုခုံးစွန်းနောက် မသိမသာလေး
ကွယ်လိုက်သေး၏။

"အား!!! ParkJimin က
ငါပြောတာကို ကြားတယ်!
သူကြားတယ်!
ငါ့ကို ပြန်ပြောလိုက်တယ်
တွေ့လား?"

ဘေးမှ သူငယ်ချင်းဖြစ်သူ၏ပုခုံးအား ဆွဲရမ်းဆို၏။

"ParkJimin! ချစ်တယ်! "

Fan boy တွေ ကဲလျှင်
အားလုံးထက် ဆိုးသည်။

သို့သော်.....
ထိုလူအုပ်ကြီးထဲတွင်
Fan မဟုတ်သော
လူတစ်ဦးလည်း ရှိခဲ့သည်။

First ValentineWhere stories live. Discover now