"သူတို့က လုံရှီရဲ့အဆိပ်ကိုမိနေတာ"
မျက်နှာတို့မဲမှောင်လျက် လျန်ကျွင်းဟာ အခိုင်အမာဆိုသည်။ "ထင်တဲ့အတိုင်းပဲ မုန်လက သူ့အကျိုးအမြတ်ကိုကျိုယန်ဆီ ဒီတိုင်းပေးပစ်လောက်မဲ့အထိသဘောကောင်းမှာမဟုတ်ဘူး။ငါတို့ရဲ့အနီးဆုံးကတပ်ဖွဲ့ဆီဆက်သွယ်ပြီး သူတို့ဆေးရုံကိုလူပို့မယ်လို့ပြောလိုက်"

ခဏတာထိတ်လန့်မှုအပြီးတွင် လျန်ကျွင်းအမိန့်ကိုလိုက်နာရန် လူတိုင်းအလျင်စလိုထွက်ခွာကြသည်။Old Ghostသည် သူ့ငယ်သားများကို သူ့ကားဆီရွေ့ပြောင်းရန် စီစဉ်လိုက်သည်။
စိုးရိမ်စိတ်ပူကာ ခံစားချက်များပြိုလဲလုနီးပါးပင်ဖြစ်နေသည်။

အကူအညီဖြင့် သူ့လူများကိုကယ်ဖို့စီစဉ်ခဲ့ပြီး အမှန်ပင်ကယ်ထုတ်နိုင်ခဲ့သည်။အခုကျ ဘာဖြစ်ရပြန်တာလဲ? သူတို့ဘယ်လိုဖြစ်ပြီး အဆိပ်မိလာရတာလဲ? လုံရှီက အခုကျိုယန်လက်ထဲရောက်နေပြီ--အားလုံးအစကိုပြန်ရောက်သွားပြန်ပြီလား? သူ လုပ်နိုင်ပါ့တော့မလား...

လျန်ကျွင်းသည် ထိုသူ၏စိုးရိပ်ကြောင့်ကြမှုတို့ကိုသတိထားမိရာ "စိတ်မပူပါနဲ့၊ငါတို့Hydraဓာတ်ခွဲခန်းကနေ လုံရှီရဲ့မှတ်စုတွေအပြင် ဒေတာတွေအများကြီးရှာတွေ့ထားတယ်။ဖြေဆေးဖော်နိုင်ဖို့ အချိန်တစ်ခုပဲလိုတော့တာ..လုံရှီကိုမလိုတော့ဘူး"
Old Ghostအား နှစ်သိမ့်ပေးသည်။

ထိုအခါမှ Old Ghostလည်း အနည်းငယ်စိတ်ငြိမ်သွားကာ ကျေးဇူးတင်သောအကြည့်တို့ဖြင့်
"တကယ်ကို ကျေးဇူးတင်ပါတယ်။မင်းပေးခဲ့တဲ့အကူအညီအားလုံးကိုမမေ့ဘဲ ငါOld Ghostက အမြဲတစေ ကျေးဇူးကြွေးကျေအောင်ဆပ်တယ်"

လျန်ကျွင်းသည် ဘာမှမဆိုဘဲ သူ့လက်အောက်ငယ်သားများကို မြန်မြန်လုပ်ရန် ထပ်မံတိုက်တွန်းလိုက်သည်။အားလုံးကားပေါ်ရောက်တာနှင့် အဖွဲ့ခွဲ့ရန်ညွှန်ကြားသည်။
Gua WuကOld Ghostနှင့်သူ့လူများကို ပိုမိုတိတ်ဆိတ်ကာလူသိနည်းသောတခြားလမ်းမှ ဆေးရုံကိုပို့ဆောင်ပြီး ကျန်ရှိသောတပ်ဖွဲ့များက လျန်ကျွင်းနှင့်အတူ မိန်းလမ်းမကြီးမှသွားမည်။

"ကျွင်းရှောက်?"
Gua Wuသည် ဒီလိုအဓိကတပ်ဖွဲမှခွဲမထွက်ချင်ဟန် မျက်ခုံးတို့တွန့်ကွေးသွားသည်။

 သေခြင်းတရား ယူနစ်ဘား [ဘာသာပြန်]Where stories live. Discover now