Arc 4🗡105🗡သူတော်စင်ဝိညာဥ်မြက်ကို ကုသမယ်

Start from the beginning
                                    

"ငါ့ကိုကယ်ပါ!!"

လုရွှမ် ရှေ့သို့လှမ်းကာ ခြေနှစ်ချောင်းကို ချိုးပစ်လိုက်သည်။ ထိုသခင်လေး၏ ခြေဖဝါးပေါ်ရှိ ရွှေရောင်ကိုယ်ထည် ပုံစံသည် ပေါက်ကွဲထွက်ကာ သူ၏ ကျင့်​ကြံ​မှုအခြေခံလည်း ဖျက်စီးခံလိုက်ရ​လေသည်။

"မင်း……"

"သွားသေလိုက်တော့!"

လုရွှမ်သည် ပျော့ပျောင်းသော လူငယ်လေး၏ ဦးခေါင်းကို အပိုင်းပိုင်း ခွဲပစ်လိုက်သည်။

ထိုသခင်လေး၏ သွေးများ ကျဆင်းလာချိန်တွင် အရိုးကျိုးသွားကာ လူများမှာ ကြောက်လန့်တကြား ထွက်ပြေးကြပြီး လုရွှမ်ကို သေ​ခြင်းရဲ့ နတ်ဘုရားကို ကြည့်နေရသကဲ့သို့ အလွန်အမင်း တုန်လှုပ်သွားကြသည်။

လုရွှမ် တစ်ချက် ကြည့်လိုက်သောအခါ မတိုင်ခင်က ခိုးဝင်တိုက်ခိုက်ခဲ့သည့် ရွှေခန္ဓာနယ်ပယ်က ကျင့်ကြံမှာ ချက်ချင်း ဒူးထောက်ချလိုက်ပေ၏။ ကြောက်ရွံ့ထိတ်လန့်ပြီး ဘယ်ကိုပြေးနေပါစေ ပြေးမလွတ်နိုင်သလို တိုက်လည်း မတိုက်နိုင်တော့ဘူးလေ။

ဒါ့အပြင် သူ့ခန္ဓာကိုယ်က ဒဏ်ရာ အပြင်းအထန် ရနေပြီ။ ဆက်တိုက်နေရင် နှစ်ဖက်စလုံး ထိခိုက်ကုန်လိမ့်မည်။

လုရွှမ်၏ မျက်လုံးများ မှေးမှိန်သွားကာ အသက်မဲ့ အေးစက်မှုများနှင့် ပြည့်နှက်နေသော မျက်လုံးများကို မြင်လိုက်ရတော့ သူသည် အလိုလို မြေပြင်ပေါ်တွင် ဒူးထောက်ချလိုက်သည်။

ဘယ်သူကမှ မရယ်ဝံ့ကြပါ။ သူတို့သာ ရယ်လိုက်ရင် မြေကြီးပေါ်မှာ ဒူးထောက်နေရတာက သူတို့ ဖြစ်သွားနိုင်တယ်လေ။

သေတာထက် အသက်ရှင်နေတာက ပိုကောင်းပါတယ်လေ။ အကြာကြီး ကြိုးကြိုးစားစား ကျင့်ကြံထားတာက အသက်ရှည်ဖို့ပဲ မဟုတ်ဘူးလား။

လုရွှမ်က ဒူးထောက်ခဲ့တဲ့ သူတော်စင်တစ်ပိုင်း ကျင့်ကြံသူရဲ့ ဦးခေါင်းကို သေတဲ့အထိ ကန်ကျောက်ခဲ့သည်။ ဒီကန်ချက်က လူတိုင်း မျှော်လင့်ထားတာထက် ကျော်လွန်သွားပြီ ဖြစ်သည်။

တစ်ဖက်က အသက် ချမ်းသာပေးဖို့ ဒူးထောက်ခဲ့ပြီ မဟုတ်ဘူးလား? ဘာကြောင့် မလွှတ်ပေးတာလဲ?

ပြန်လည်မွေးဖွားလာသောဧကရာဇ် (book 3)Where stories live. Discover now