"ဟင် သူတို့က ကိုရီးယားကိုလာမှာဟုတ်လား မေမေတို့လည်းဘာမှမသိရပါလား..."

"ကျွန်တော်လည်း ဂျွန်ပြောပြမှ သိရတာ ဂျွန်
ပြောပုံအရဆိုရင်တော့ မေမေတို့အိမ်မှာတည်းမှာမဟုတ်ဘူး ကျွန်တော်တို့အိမ်မှာတည်းမှာ..."

ယွန်းမီစိတ်ပူမိသွားသည်။ သူဌေးကြီးပြောပြထားလို့ သူဌေးကြီးအမေနဲ့ ညီမဟာ စကားအပြောအဆို လက်ပေါက်ခက်မှန်းယွန်းမီသိသည်။ သူတို့သာ ရောက်လာရင် ထယ်ယောင်းနေစရာရှိမှာမဟုတ် မျက်စိထောက်ထောင့်ပြီးလိုက်ပြောနေမယ်ဆိုတာ ကြိုတွေးမိသည်။

"သားလေး ဘာမှ မစိုးရိမ်ပါနဲ့ သားဒယ်ဒီနိုးရင် မေမေ သားဒယ်ဒီကို မေးကြည့်ဦးမယ်..."

"ဟုတ်ကဲ့ မေမေ ကျန်တာတော့ မစိုးရိမ်ပါဘူး ကျွန်တော့်ကို ဘယ်လိုပြောပြောသီးခံနိုင်ပါတယ် ဒါပင်မဲ့ ဂျွန်နဲ့ ကျွန်တော့်ကို ခွဲမှာပဲကြောက်တယ်..."

"သားရယ် သားဗိုက်ထဲမှာ သားဂျောင်ဂုရဲ့ ကိုယ်ဝန်တောင်လွယ်ထားနေရပြီဟာကို ဘယ်လို လုပ် သားတို့နှစ်ယောက်ကို ခွဲမှာလည်း... တကယ်လို့ သား ပြောသလို သားတို့နှစ်ယောက်ကို ခွဲတယ်ဆိုရင် သားဒယ်ဒီက လက်ပိုက်ကြည့်နေမှာမဟုတ်ပါဘူး သားရယ် အရမ်းကြီး စိုးရိမ်မနေပါနဲ့...."

"ဟုတ်ကဲ့ပါ မေမေ...ဒါဆိုကျွန်တော်ပြန်တော့မယ်နော် ဒယ်ဒီနိုးရင် ကျွန်တော်လာသွားတယ်လို့ပြောပေးဦး..."

"အေးပါသားရယ် မေမေပြောလိုက်ပါ့မယ်...."

ထယ်ယောင်းပြန်သွားတာကြည့်ပြီး ယွန်းမီမှာ စိတ်မကောင်း...သူ့သားလေး ဘယ်လောက် စိတ်ညစ်နေရှာမလဲလို့တွေးပြီး ထယ်ယောင်းအတွက် ရင်မောရတော့သည်။

ထယ်ယောင်းစိတ်ညစ်ညစ်နဲ့ အိမ်မပြန်သေးပဲ သူ့ပန်းဆိုင်လေးရှိရာစီလာလိုက်သည်။

"ထယ် ဘယ်လိုဖြစ်ပြီး ရောက်လာတာလည်း ပြောတော့ 1လလောက်နားဦးမှာဆို..."

"အင်း ငါအိမ်မှာနေရတာ ပျင်းလို့ပါ ဂျီရယ် နေရာကစိမ်းသေးတော့ သိပ်အသားမကျသေးဘူး..."

"ဟုတ်ပါပြီကွာ... ဒါနဲ့ ထယ် မင်းရဲ့ အိမ်ထောင်ရှင်အတွေ့အကြုံလေး ငါ့ကိုမျှဝေပါလား...."

တွယ်ငြိမိတဲ့နှလုံးသားတစ်စုံ💕Where stories live. Discover now