Unicode
ဒီနေ့က ကျွန်တော့်ကမ္ဘာကြီးပြိုလဲတဲ့နေ့ ကျွန်တော်သိပ်ချစ်ရတဲ့ မာမီ လူ့လောကထဲကထွက်ခွာသွားပြီတဲ့..........
မယုံနိုင်ဘူး အိပ်မက်သာဖြစ်လိုက်ပါတော့........
မာမီကပြောတယ် ကျွန်တော့်အတွက် ညီလေးတစ်ယောက်မွေးပေးမယ်တဲ့ အခုတော့ ညီလေးကိုမွေးရင်းနဲ့ပဲ မေမေအသက်ပေးလိုက်ရပြီ ညီလေးလည်းအသက်ရှင်လျှက်လူ့လောကထဲ မရောက်လာခဲ့ဘူး......
သူ့မာမီရဲ့ နာရေး ဓါတ်ပုံလေးကိုကြည့်ကာ ငိုနေတဲ့ 16နှစ်သား လူငယ်လေးတစ်ယောက်......
"သားရယ်မငိုပါနဲ့တော့ သားငိုလို့လည်း သားမာမီက ပြန်ရှင်လာမှာမှမဟုတ်တာ..."
"ဒယ်ဒီ ကျွန်တော် ဘယ်လိုဖြေရမှာလည်း မာမီ မရှိတော့ဘူးဆိုတာကျွန်တော်မယုံနိုင်ဘူး ဒယ်ဒီရယ်...."
"ဒယ်ဒီလည်း ဘယ်လိုလုပ် ယုံနိုင်မှာလည်းသားရယ် မင်းမာမီက ဒယ်ဒီကို သားလေးတစ်ယောက်ထပ်မွေးပေးမယ်ဆိုပြီးပြောခဲ့တာ အခုလိုဖြစ်မယ်မှန်းသိရင် ဒယ်ဒီလည်း မင်းမာမီကို ဘယ်လိုလုပ်ထပ်ပြီးကလေးယူခိုင်းမှာလည်း သားရယ်..."
သားအဖနှစ်ယောက် တစ်ယောက်ကိုတစ်ယောက်ဖက်ကာ ငိုနေကြသည်။
နာရေးလာတဲ့ ဧည့်သည်တွေမှာလည်း ထိုသားအဖကိုကြည့်ကာ စိတ်မကောင်းဖြစ်နေတော့သည်။
"မေကြီးရယ် ကိုယ့်အပြစ်တွေပါ ကိုယ်မကောင်းတာပါ အခုလိုဖြစ်မယ်မှန်းသိရင် ကိုယ် ဘယ်လိုလုပ် နောက်ထပ်ကလေးယူခိုင်းမှာလည်း..... မေကြီးစိတ်ချပါ သားလေးကို ကိုယ်အသက်နဲ့ရင်းပြီးကာကွယ်စောင့်ရှောက်သွားမယ်လို့ကတိပေးပါတယ်ကွာ..."
"မာမီ သားတို့စီပြန်လာခဲ့ပါ မာမီရယ် မာမီမရှိရင် သားဘယ်လို နေရမှာလည်း..... "
သားဖြစ်သူနဲ့မြေးငိုနေတာကိုကြည့်ပြီး သူဌေးမကြီးမှာလည်းမနေနိုင်တော့..."
"တော်ပါတော့သားကြီးရယ် မင်းကပါအခုလိုငိုနေတော့ မြေးလေးလည်း ငိုချင်မှာပေါ့ သေတဲ့လူလည်းသေပြီပဲ တရားနဲ့ပဲဖြေလိုက်ပါ..."
သူဌေးကြီးမှာ သူ့မိခင်ပြောမှ အငိုရပ်ပြီး သူ့ရဲ့သားကိုချော့တော့သည်။

YOU ARE READING
တွယ်ငြိမိတဲ့နှလုံးသားတစ်စုံ💕
Poetry!ဒီအထိအတွေ့ ဒီအရသာ ဘယ်တော့မှ မေ့မှာမဟုတ်ဘူး...အရမ်းခံစားလို့ကောင်းတယ်...!