Unicode
"ဂျွန် ဒီနေ့ ထယ် ဆေးရုံရက်ချိန်းသွားရမှာ ဂျွန်လိုက်မယ်မှတ်လားဟင်...."
"လိုက်ရမှာပေါ့ ထယ်ရဲ့.... ကိုယ် ကုမ္ပဏီမသွားခင် ထယ်နဲ့တူတူ ဆေးရုံလိုက်ခဲ့မယ် ဒီနေ့ နောက်ကျမဲ့ အကြောင်း အကိုဟွာဆောကိုလှမ်းပြီးအကြောင်းကြားထားလိုက်မယ်.."
"ဟုတ် ဂျွန် ကျေးဇူးတင်ပါတယ်နော်..."
"ဒါဆို ထယ် ပြင်လိုက်တော့ ထယ် ပြင်ဆင်ပြီးရင် ကိုယ်တို့ သွားကြမယ်လေ..."
"ဟုတ် ဂျွန်..."
ထယ်ယောင်းပြင်ဆင်ပြီးတော့ နှစ်ယောက်သား လက်ချင်းချိတ်ပြီးထွက်လာကြသည်။
ထယ်ယောင်းနဲ့ဂျောင်ဂုထွက်လာတော့ ဂျွန်မီဆိုနဲ့ ဂျွန်ဂျီအွန်းက လှမ်းကြည့်နေသည်။
"ဟဲ့ နင်က ဘယ်သွားမလို့ ပြင်ဆင်လာတာလည်း..."
"အန်တီလေးကလည်း ထယ်က ဒီနေ့ ဆေးရုံရက်ချိန်းသွားပြမှာလေ အဲ့ဒါကြောင့်ပြင်ဆင်ထားတာ..."
"မင်းကို ငါမေးလား ငါမေးတာသူ့ကိုမေးတာ ဘာကိစ္စမင်းက ကြားထဲက ဝင်ပြောနေတာလည်း မင်းအလုပ်သွားစရာရှိတာသွား အကြောတွေရှည်မနေနဲ့.."
"ကျွန်တော် အလုပ်မသွားသေးဘူးလေ ထယ့်ကို အရင်ဆေးရုံ လိုက်ပို့ပေးဦးမှာ..."
"ဘာ မင်းက သူ့ကိုဆေးရုံ လိုက်ပို့ပေးဦးမှာဟုတ်လား ဘာလည်း သူက သူ့ဘာသူမသွားတက်ဘူးလား မင်းလိုက်ပို့ပေးမှရမှာလား..."
"အဲ့လိုမဟုတ်ဘူးလေ အန်တီလေးရယ် ထယ်က မပေါ့မပါးကြီးနဲ့ဆိုတော့ ကျွန်တော် ဝင်ပို့ပေးမှ ရမှာပေါ့..."
"အမလေးငါ့မြေးရယ် အဘွားလည်း ကလေးနှစ်ယောက်မွေးလာတာပါ အဘွားဗိုက်ကြီးတုန်းကဆို ဆေးရုံး ဆေးခန်းသွားလို့များ တစ်ခါမှ မင်းအဘိုးကို မခေါ်ဘူး ကိုယ့်ဘာကိုပဲ သွားတာပဲ မင်းအဘိုး အလုပ်မအားတာအဘွားသိတယ်လေ၊ ငါ့မြေးကတော့အခုလိုအသေးအမွှားကိစ္စလေးတွေကအစ အကုန်လိုက်လုပ်ပေးနေရတယ်ဆိုတော့ သိပ်မဟုတ်သေးဘူးနော် ငါ့မြေး.."
ဂျွန်မီဆိုပြောတော့ ထယ်ယောင်းမှာ ခေါင်းလေးအောက်ငုံ့ကာနေနေသည်။ ဂျွန်မီဆိုဘာကိုပြောချင်နေတယ်ဆိုတာကိုလည်းထယ်ယောင်းသဘောပေါက်သည်။

YOU ARE READING
တွယ်ငြိမိတဲ့နှလုံးသားတစ်စုံ💕
Poetry!ဒီအထိအတွေ့ ဒီအရသာ ဘယ်တော့မှ မေ့မှာမဟုတ်ဘူး...အရမ်းခံစားလို့ကောင်းတယ်...!