Unicode
ခြံထဲမှာ မြေတွေတူးစွကာ အလုပ်ရှုပ်နေတဲ့ ဂျောင်ဂုနားကို ထယ်ယောင်း ရောက်လို့လာသည်။
"ဂျွန် ဘာတွေလုပ်နေတာလည်း..."
"ထယ့်အတွက် နှင်းဆီပင်လေးတွေစိုက်ပေးဖို့ လုပ်နေတာလေ..."
ဂျောင်ဂုစကားကြားတော့ ထယ်ယောင်း မျက်နှာလေးဝင်းပသွားသည်။
"ဂျွန် တကယ်ကြီး နှင်းဆီပင်တွေစိုက်မလို့လား.."
"ဟုတ်တယ်လေ ထယ် က နှင်းဆီ ပင်လေးတွေဆို သဘောကျတယ်မှတ်လား အရင်က ထယ့်နှင်းဆီပင်တွေကို ကိုယ်ဖြတ်စီး ပြစ်ခဲ့တဲ့အတွက် အခု ထယ့်ကို အစားပြန်စိုက်ပေးချင်တာ..."
ထယ်ယောင်းမှာ သူ့ယောကျာ်းစကားကြားတော့ ပြုံးမိသွားသည်။ သူ့အတွက် နှင်းဆီပင်တွေ အစားပြန်စိုက်ပေးနေတယ် ပြော၍ ထယ်ယောင်းမှာ ကြည်နူးရပြန်သည်။
"ထယ်....ထယ်သဘောကျတယ်မှတ်လား..."
"သဘောကျတာပေါ့ ဂျွန်ရယ် ထယ်က နှင်းဆီပန်းလေးတွေဆို အရမ်းချစ်တာ..."
"နှင်းဆီပန်းတွေကို ချစ်တယ်ဆိုတော့ ဒီပန်းတွေစိုက်ပေးတဲ့ ကိုယ့်ကိုရော မချစ်ဘူးလား..."
"နှင်းဆီပန်းတွေစိုက်ပေးတဲ့ ဂျွန်ကိုတော့ အချစ်ဆုံးပေါ့ ဂျွန်ရယ်...."
ထယ်ယောင်းအဖြေကြောင့်ဂျောင်ဂု ကျေနပ်ကာပြုံး သွားသည်။
"ဟုတ်ပါပြီဗျာ... ကိုယ် ဒီတခြံလုံးကို ထယ့်အတွက် နှင်းဆီပင်တွေစိုက်ပေးမယ်......နှင်းဆီတွေကိုချစ်တက်တဲ့ကိုယ့်ရဲ့ ထယ်အတွက် ကိုယ် ပေးတဲ့လက်ဆောင်ပေါ့..."
"ဟုတ်ပါပြီဂျွန်ရယ်..."
ထယ်ယောင်းတစ်ယောက် သူ့ယောကျာ်းနားကမခွာ ဂျောင်ဂုအပင်တွေစိုက်နေတဲ့ နားနေကာ ချွေးတွေသုတ်ပေးလိုက်၊ မောရင်ရေပြေးတိုက်လိုက်နဲ့အလုပ်ရှုပ်နေတော့သည်။
"ကယ်...ထယ် အပင်တွေအကုန်စိုက်ပြီးသွားပြီ ကိုယ်တို့အထဲဝင်ကြရအောင်..."
ထယ်ယောင်းပုခုံးလေးကိုဖက်ကာ အိမ်ထဲဝင်လာသည်။
"ဂျွန်ရေ ထယ်လည်း မွေးဖို့ရက်သိပ်မလိုတော့ဘူးဆိုတော့ မေမေနဲ့ဒယ်ဒီကို အိမ်မှာခေါ်ထားရင်ကောင်းမလားလို့...."

YOU ARE READING
တွယ်ငြိမိတဲ့နှလုံးသားတစ်စုံ💕
Poetry!ဒီအထိအတွေ့ ဒီအရသာ ဘယ်တော့မှ မေ့မှာမဟုတ်ဘူး...အရမ်းခံစားလို့ကောင်းတယ်...!