Unicode
3နှစ်ခန့်ကြာသော်~~~~~~~~~
"ထယ်ဂျွန်းနဲ့ ထယ်ဟီး ဘာလို့ ဒယ်ဒီ စာရင်းစာအုပ်တွေကို ယူဆော့နေတာလည်း အဲ့ဒါ ဒယ်ဒီ အလုပ်လုပ်ရမဲ့ဟာတွေလေ..."
အမွှာနှစ်ယောက်စားဖို့ မုန့်သွားယူနေတုန်း ထယ်ဂျွန်းနဲ့ ထယ်ဟီးက ဂျောင်ဂု စာရင်းစာအုပ်တွေကိုယူကာ ဆော့နေချင်းဖြစ်သည်။
သူ့ပါပါးပြောတော့ အမွှာနှစ်ယောက်မှာ သူ့ပါပါးကို မျက်လုံးဝိုင်းလေးတွေနဲ့ လှမ်းကြည့်နေသည်။
ထယ်ယောင်းစာအုပ်ကိုယူပြီးကြည့်မိတော့ အမွှာနှစ်ယောက်က ဘောပင်တွေနဲ့ လျှောက်ခြစ်ထားသည်။
"ဟား...သွားပြီ...စာရင်းစာအုပ်မှာ ခြစ်ရာတွေနဲ့ မင်းတို့ဒယ်ဒီ လာရင်တော့ ပြောခံရတော့မှာပဲ.."
"ပါပါး..အဲ့တာ သားသားရှစ်တာဟုတ်ပူး..ထယ်ဟီးရှစ်တာ..."
ထယ်ဂျွန်းပြောတော့ ထယ်ဟီးကလည်း ပြန်ပြောသည်။
"ပါပါး..မီးမီးရှစ်တာဟုတ်ပူး...ထယ်ဂျွန်းရှစ်တာ.."
စကားမပီကလာပီကလာနဲ့ပြောနေ တဲ့ ထယ်ဂျွန်းနဲ့ထယ်ဟီးကို ကြည့်ကာ ထယ်ယောင်းမှာ မဆူရက် နှစ်ယောက်လုံးက သူတို့ကိုဆူမှာဆိုးလို့ မျက်နှာငယ်လေးတွေနဲ့ လုပ်ကာ ထယ်ယောင်းကိုမော့ကြည့်နေကြသည်။
"ကယ်...တစ်ယောက်နဲ့ တစ်ယောက်လွှဲချမနေကြနဲ့တော့... နောက်တစ်ခါ ဒယ်ဒီစာအုပ်တွေ ယူမဆော့ရဘူးနော်ကြားလား..."
"ဟုတ်ကဲ့...ပါပါး.."
"ဟုတ်ကဲ့ပါပါး.."
"ကယ်...ဒါဆို ဒီမှာထိုင်ပြီး မုန့်စားနေကြ ပါပါး ဒယ်ဒီ အလုပ်စာပွဲကိုရှင်းလိုက်ဦးမယ်....မုန့်တွေပေပွအောင်မစားရဘူးနော် သားနဲ့သမီး..."
"ဟုတ်ကဲ့ ပါပါး..."
ထယ်ယောင်းမှာ အမွှာနှစ်ယောက်နဲ့ နားရတယ်လို့မရှိ....ဂျောင်ဂုကလည်း ကုမ္ပဏီသွားနေရ၍ ကလေးထိန်းဖို့အချိန်မရှိ...သူဌေးကြီးနဲ့ယွန်းမီကလည်း စိတ်ပြေလက်ပျောက်ဖြစ်အောင် အမြဲခရီးထွက်နေ၍ အမွှာနှစ်ယောက်ကို ကူထိန်းပေးဖို့မချိန်မရှိပါ...အခုတော့ အမွှာနှစ်ယောက်ရဲ့ ဝေယျာဝိစ္စက ထယ်ယောင်းတာဝန်သာဖြစ်သည်။

YOU ARE READING
တွယ်ငြိမိတဲ့နှလုံးသားတစ်စုံ💕
Poetry!ဒီအထိအတွေ့ ဒီအရသာ ဘယ်တော့မှ မေ့မှာမဟုတ်ဘူး...အရမ်းခံစားလို့ကောင်းတယ်...!