Unicode
"တောက်...ငါ့ကိုသူ့သားလို့များသက်မှတ်သေးရဲ့လားမသိဘူး....ဘာလေးမဆို သူ့နောက်မိန်းမနဲ့ ဟို....ပျော့နွဲ့နွဲ့နဲ့အခြောက်လိုကောင်နောက်ပဲလိုက်တယ်...တွေ့မယ် ငါ့အကြောင်းသိအောင်တော့ ပြရသေးတာပေါ့..."
ဂျောင်ဂုတစ်ယောက် အိမ်ထဲထွက်လာပြီး ခြံထဲကြည့်မိလိုက်တော့ ဝေဝေဆာဆာနှင့်ဖူးပွင့်နေသည့်နှင်းဆီပန်းတွေကိုတွေ့သွားသည်။
စိတ်ထဲကကြိတ် ပြုံးလိုက်ပြီး နှင်းဆီပန်းတွေရှိရာစီလျှောက်လာသည်။ ပြီးနောက် ရှိသမျှ နှင်းဆီတွေကို အကုန် ဖြတ်စီးပစ်လိုက်သည်။ နှင်းဆီပန်းတွေတစ်စစီဖြစ်သွားမှ ဂျောင်ဂုတစ်ယောက်လှည့်ထွက်သွားတော့သည်။
ထယ်ယောင်းမှာ စိတ်ညစ်ညစ်နှင့် ခြံထဲလေညင်းခံထွက်မယ်စိတ်ကူးပြီး အိမ်ထဲကထွက်အလာ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် မျက်ရည်များကျလာကာ ခြေထောက်ပါ ခွေကြသွားတော့သည်။
"ငါ့ ကလေးလေးတွေ ဘယ်လိုဖြစ်တာလဲ ဘယ်သူဖြတ်စီးပစ်လိုက်တာလဲ ငါ အမြတ်တနိုး တန်ဖိုးထားတဲ့ နှင်းဆီလေးတွေ မရှိတော့ဘူး ...ဟင့်...ဟင့်...."
တစ်စစီဖြစ်နေတဲ့နှင်းဆီခင်းတွေကြား ထိုင်ကာငိုနေတော့သည်။
ထယ်ယောင်းငိုနေသံကြား၍ သူဌေးကြီးနှင့် ယွန်းမီလည်း ပြေးထွက်လာကြသည်။
"သားလေး ဘာဖြစ်လို့ ငိုနေတာလဲ မေမေ့ကိုပြောပါဦး..."
"မေမေ ကြည့်ပါဦး သားရဲ့ နှင်းဆီလေးတွေမရှိတော့ဘူး အကုန်ပျက်စီးကုန်ပြီ မေမေရယ် သားမြတ်နိုးတဲ့ နှင်းဆီလေးတွေမရှိတော့ဘူး..."
သူဌေးကြီးလည်း ထယ်ယောင်းတို့သားအမိပြောနေတာကိုနားထောင်ပြီး ခြံစောင့်ကိုခေါ်လိုက်သည်။
"ဟေ့ဟျောင် ငါ့သားငယ်ရဲ့ နှင်းဆီပင်တွေကို ဘယ်သူဖြတ်စီးလိုက်တာလဲ မင်းခြံစောင့်နေတာမှတ်လား ဒီပန်းပင်တွေ ဘယ်သူလုပ်တာလဲ..."
ခြံစောင့်လေးမှာလဲ ဂျောင်ဂုလုပ်တာ ဖြစ်နေ၍ ပြောရမှာခက်နေတော့သည်။
"ဟို...ဟို...ဟိုလေ.."
"ပြောမှာဖြင့်ပြောစမ်းပါ ငါစိတ်မရှည်တော့ဘူး..."

YOU ARE READING
တွယ်ငြိမိတဲ့နှလုံးသားတစ်စုံ💕
Poetry!ဒီအထိအတွေ့ ဒီအရသာ ဘယ်တော့မှ မေ့မှာမဟုတ်ဘူး...အရမ်းခံစားလို့ကောင်းတယ်...!