Unicode
ဂျောင်ဂုက အခုဆို ထယ်ယောင်းကို ဟင်းမချက်ခိုင်းတော့ သူ့အဘွားနဲ့ အဒေါ်စားဖို့အတွက် ဟိုတယ်ကနေပဲ လာလာပို့ခိုင်းတော့သည်။
"ဟဲ့ နင်ငါ့တူကို ဘာတွေသွားချွန်ထားလို့ ငါ့တူက နင့်ကို ငါတို့စားဖို့ မချက်ခိုင်းပဲ ဟိုတယ်ကနေ မှာကျွေးနေရတာလည်း..."
"ဗျာ ကျွန်တော် ဘာမှ မချွန်ပါဘူး... "
"နင်မချွန်ပဲ ငါ့တူက အခုလို လုပ်မလား..."
"မချွန်ရပါဘူး အန်တီလေးရယ် ဂျွန်အန်တီလေးတို့အတွက် အစားအစာတွေဟိုတယ်က မှာပေးတယ်ဆိုတာက ကျွန်တော်ချက်တာ အန်တီလေးတို့ မကြိုက်မှာ ဆိုးလို့ ဟိုတယ်ကနေ မှာပေးတာပါ..."
"အေးလေ နင်အခုလို ပြောထဲက နင့်စနက်နည်းတွေမှန်းသိတယ်.... နင် ငါတို့ကို ချက်ကျွေးရမှာဆိုးလို့ ငါ့တူကို အတို့အထောင်လုပ်တာမှတ်လား..."
"အဲ့လို မဟုတ်ရပါဘူး အန်တီလေးရယ် အန်တီလေးတို့ ကျွန်တော့်လက်ရာ စားချင်တယ်ဆို ကျွန်တော် ချက်ကျွေးမှာပါ.... "
"အဲ့ဒါဆို နင်ပဲ ချက်ကျွေး အလကား ဟိုတယ်က အစားအစာတွေ မှာမနေနဲ့ အလုပ်ရှုပ်တယ်..."
"ဟုတ်ကဲ့ အန်တီလေး ကျွန်တော်ချက်ကျွေးပါ့မယ်..."
"ဂျောင်ဂုကို ဖုန်းဆက်လိုက် ဒီနေ့ ဟိုတယ်က အစားအစာတွေ လာမပို့ခိုင်းနဲ့လို့ပြောလိုက်..."
"ဟုတ်ကဲ့ အန်တီလေး..."
ထယ်ယောင်းလည်းဖုန်းထုတ်ကာ ဂျောင်ဂုစီဆက်ရတော့သည်။
"Hello ထယ်..."
"Hello ဂျွန် အန်တီလေးတို့အတွက် ဟိုတယ်က ဟင်းတွေ မပို့ခိုင်းနဲ့တော့ အန်တီလေးတို့က ထယ်ချက်တာပဲ စားမယ်တဲ့..."
"အင်း ကိုယ်သိပြီ..."
"ဟုတ် ဂျွန် ဒါဆို ဒါပဲနော်..."
"ဘာတဲ့လည်း... ဂျောင်ဂုက.... "
"မပို့ခိုင်းတော့ဘူးတဲ့.."
"အဲ့ဒါဆို ငါတို့စားဖို့ နင်ဟင်းသွားချက်တော့..."
"ဟုတ်ကဲ့...."
ထယ်ယောင်းလည်း ဂျွန်ဂျီအွန်းကို နှုတ်ဆက်ပြီး ဟင်းချက်ရန်ပြင်ဆင်တော့သည်။

YOU ARE READING
တွယ်ငြိမိတဲ့နှလုံးသားတစ်စုံ💕
Poetry!ဒီအထိအတွေ့ ဒီအရသာ ဘယ်တော့မှ မေ့မှာမဟုတ်ဘူး...အရမ်းခံစားလို့ကောင်းတယ်...!