Unicode
"အကို ဒီနေ့ ကျွန်မတို့ Dateကြမယ်နော် အကိုရုံးဆင်းရင် ကျွန်မစီ လာခဲ့..."
"ဟန်နာ အကို တောင်းပန်ပါတယ် ဒီနေ့ CEOအိမ်ကို စာရင်းတွေ သွားတင်ပြရမှာမို့ အကိုမအားဘူး..."
"CEOအိမ်သွားမှာလား ဒါဆို ကျွန်မလည်း လိုက်မယ် CEO ရဲ့ ကလေးလေးတွေကို တွေ့ချင်လို့..."
"ဒါဆိုလည်း ဟန်နာ့ သဘောပါ..."
"ဒါဆို အကို ကို ကျွန်မလာခေါ်မယ်နော်..."
"အင်းပါ ဟန်နာ.."
ညနေ ဟွာဆော ရုံးဆင်းချိန်ရောက်တော့ ဟန်နာက ဟွာဆော ကိုလာခေါ်သည်။
"အကို ကားပေါ်တက်.."
ဟွာဆောလည်း ဟန်နာ့ကားနဲ့ပဲ ဂျောင်ဂုအိမ်ကို လိုက်လာလိုက်သည်။
"CEO...ကျွန်တော် ရောက်ပါပြီ.."
ကလေးနှစ်ယောက်ကို ထိန်းနေရာက ဟွာဆောအသံကြား၍ ဂျောင်ဂုလည်း ထွက်လာလိုက်သည်။
လက်ထဲ ကလေးနှစ်ယောက်ကို ပွေ့ချီကာ ထွက်လာတဲ့ ဂျောင်ဂုကြောင့် လီဟန်နာနဲ့ ဟွာဆော ဂျောင်ဂုကို ပြူးပြီးကြည့်နေမိသည်။
လီဟန်နာမှာတော့ ကလေး တို့လို့တွဲလောင်းနဲ့ထွက်လာတဲ့ ဂျောင်ဂုကို မြင်ပြီး ကျိတ်ရယ်တော့သည်။
"ခစ်..ခစ်..."
ဟွာဆောမှာ လီဟန်နာ့ရယ်သံကြား၍ လီဟန်နာ့ကိုတံတောင်နဲ့ တို့လိုက်သည်။ လီဟန်နာလည်း ဟွာဆော တံတောင်နဲ့တို့မှ မျက်နှာပိုးသက်လိုက်သည်။
"အကိုဟွာဆော ရောက်လာပြီလား...လီဟန်နာလည်းပါလာတာကို..."
"ဟုတ်CEO... CEO ကလေးတွေမြင်ဖူးချင်လို့ လိုက်လာတာ...ဒါ ကလေးနှစ်ယောက်အတွက်လက်ဆောင်ပါ.."
"ရပါတယ် လီဟန်နာရယ် ဘာလို့လက်ဆောင်တွေ ဝယ်လာရတာလည်း...အားနာစရာကြီး.."
"အားမနာပါနဲ့ CEOရယ် တစ်ခါတလေ လာတုန်းလေးဝယ်လာရတာပါ..."
"CEO ဒီမှာ စာရင်းတွေပါ CEO စစ်ကြည့်လိုက်ပါဦး..."
"ဟုတ် အကိုဟွာဆော အဲ့စာပွဲပေါ်ပဲ တင်ထားလိုက်ပါ ကျွန်တော် ကလေးတွေချီထားရလို့ လက်မအားသေးဘူး..."

YOU ARE READING
တွယ်ငြိမိတဲ့နှလုံးသားတစ်စုံ💕
Poetry!ဒီအထိအတွေ့ ဒီအရသာ ဘယ်တော့မှ မေ့မှာမဟုတ်ဘူး...အရမ်းခံစားလို့ကောင်းတယ်...!