Unicode
ဒီနေ့ ထယ်ယောင်းချုပ်ရိုး ဖြည်ရမည့်ရက်မို့ ဆေးရုံကို လာချင်းဖြစ်သည်။
"ထယ်လေး တို့ ရောက်လာကြပြီလား..."
"ဟုတ်ကဲ့ အကိုဟိုဆော့..."
"ဒါဆို အကိုချုပ်ရိုးဖြေတော့မယ်နော်..."
"ဟုတ်..."
ဟိုဆော့ ထယ်ယောင်းဗိုက်ကိုလှမ်ကာ ချုပ်ရိုးဖြေပေးတော့ ဂျောင်ဂုမှာ ဘေးကကြည့်ကာ ရင်တမမ...
"ကယ်.....ဖြေပြီးပြီထယ်..."
"ဟုတ် အကိုဟိုဆော့..."
ဂျောင်ဂုမှာ ဟိုဆော့ ချုပ်ရိုးဖြည်ပြီးမှပဲစိတ်အေးရတော့သည်။
"ထယ်လေး 45ရက်မပြည့်မချင်း ဌက်ပျောသီးမစားရဘူးနော်... "
"ဌက်ပျောသီးစားရင် ဘာဖြစ်လို့လည်း အကိုဟိုဆော့..."
ဟိုဆော့မှာ ထယ်ယောင်းအမေးကြောင့် တဟားဟားနဲ့ရယ်တော့သည်။
"ဌက်ပျောသီးစားရင် ထယ်လေး သေလိမ့်မယ်..."
"ဟင်...ငှက်ပျောသီး စားတာနဲ့ ဘာလို့သေမှာလည်း ...."
ဂျောင်ဂု ဟိုဆော့ပြောတဲ့ ဌက်ပျောသီးကို ရိပ်စားမိ၍ ထယ်ယောင်းကို တိုးတိုးလေးကပ်ပြောလိုက်သည်။
ဂျောင်ဂုပြောတဲ့ဌက်ပျောသီးကို သိရတော့ ထယ်ယောင်းမျက်နှာတစ်ခုလုံးနီရဲကာ ခေါင်းပါမဖော်ရဲတော့.....
"ထယ်လေး အကိုပြောတဲ့ ဌက်ပျောသီးကို သိပြီမှတ်လား...ဂျောင်ဂုပြောပြလို့..."
ထယ်ယောင်းရှက်ရှက်နှင့် ဟိုဆောကိုပြန်ပြောလိုက်သည်။
"အကိုဟိုဆော့ကလည်း ဘာတွေပြောမှန်းမသိဘူး.."
"ဟော အကိုက ဆရာဝန်တစ်ယောက်အနေနဲ့ သတိပေးတာလေ ထယ်ရယ်..."
"ကျွန်တော်လည်း ထယ့်ကို 45ရက်မပြည့်မချင်းမထိပါဘူးဗျာ..."
ထယ်ယောင်း ဂျောင်ဂုအပြောကြောင့် ဂျောင်ဂုကိုလှမ်းရိုက်တော့သည်။
"ဂျွန် ဘာတွေပြောနေတာလည်း..."
"ဘာပြောလို့လည်း အမှန်တွေပြောတဲ့ဟာကို...ထယ့်ကို ကိုယ် အခုရက်ထဲ ထိလို့လား..."

YOU ARE READING
တွယ်ငြိမိတဲ့နှလုံးသားတစ်စုံ💕
Poetry!ဒီအထိအတွေ့ ဒီအရသာ ဘယ်တော့မှ မေ့မှာမဟုတ်ဘူး...အရမ်းခံစားလို့ကောင်းတယ်...!