Unicode
ဒီနေ့ ထယ်ယောင်း ဆေးရုံ ကြိုတက်ရမှာဖြစ်သည်။ ဟိုဆော့က မမွေးခင် သုံးလေးရက်အလိုထဲက ထယ်ယောင်းကိုဆေးရုံကြိုတက်ခိုင်းထား၍ ထယ်ယောင်းလည်း ဆေးရုံကြိုတက်ရတော့သည်။
"ထယ်လေး နေရထိုင်ရတာ အစဥ်ပြေရဲ့လား..."
"ဟုတ် အကိုဟိုဆော့ ထယ် အစဥ်ပြေပါတယ်..."
"ထယ့် ကလေးကို အကိုမွေးပေးခွင့်ရလို့ အကိုအရမ်းပျော်တာပဲ ထယ်ရယ်...အကို့ကို ယုံယုံကြည်ကြည်နဲ့ မွေးခိုင်းလို့လည်း ထယ့်ကိုကျေးဇူးတင်ပါတယ်..."
ဂျောင်ဂုမှာ ဟိုဆော့ စကားကြားတော့ မျက်နှာချက်ချင်းပျက်သွားသည်။
!နေပါဦး သူက ထယ့်ကို ကလေး မွေးပေးရတာနဲ့ ဘာကိစ္စပျော်ရတာလည်း..... ဒီလူရိုးမှ ရိုးရဲ့လားမသိဘူး ငါ့ထယ်ရဲ့ အတွင်းသားတွေကို မြင်ချင်လို့များ ကလေးကို သူမွေးပေးမယ်ကြီးလုပ်နေတာလားမသိဘူး....!
ဂျောင်ဂု သူ့အတွေးနဲ့သူ စိတ်ထဲ အလို မကြချင်တော့ပါ၊ မွေးဖို့ရက်ကလည်း မလိုတော့၍ OGပြန်ပြောင်းဖို့ကလည်း အစဥ်မပြေနိုင်၊ ထယ်ယောင်းက ယောကျာ်းလေးကိုယ်ဝန်ဆောင်မို့ တော်ယုံOGကလည်း ထယ်ယောင်းကို မမွေးပေးရဲ၊ ထို့ကြောင့် ဂျောင်ဂုမှာ ဟိုဆော့ ကို မမွေးခိုင်းချင်ပဲ မွေးခိုင်းရတော့မည်။
"ထယ်ကသာ အကိုဟိုဆော့ကို ကျေးဇူးတင်ရမှာပါနော်....အကိုဟိုဆော့လို အရမ်းတော်တဲ့OGနဲ့ မွေးခွင့်ရတာ ထယ့်အတွက် အရမ်းကံကောင်းတယ်..."
ထယ်ယောင်း စကားကြားပြန်တော့လည်း ဂျောင်ဂု အလိုမကြပြန်၊ ဟိုဆော့ကို အမွှန်းတင်ပြီး ပြောနေ၍ စိတ်ထဲ မကျေမနပ်ဖြစ်နေတော့သည်။
"ဟုတ်ပါပြီ ထယ်ရယ် ထယ်ရော ထယ့်ကလေးကိုရော အန္တာရာယ်ကင်းအောင် အကိုမွေးပေးမယ်လို့ ကတိပေးပါတယ်..."
"ဟုတ် အကိုဟိုဆော့ အကိုဟိုဆော့ကို ယုံပါတယ်..."
"ဒါဆို အကို လူနာတွေ သွားကြည့်ဦးမယ်နော် ထယ်အေးဆေးနားတော့..."
"ဟုတ်ကဲ့ အကိုဟိုဆော့..."
ဟိုဆော့ ထွက်သွားတော့ ဂျောင်ဂု ထယ်ယောင်းကို မကြည်တဲ့အကြည့်နဲ့ကြည့်ကာ စကားဆိုလိုက်သည်။

YOU ARE READING
တွယ်ငြိမိတဲ့နှလုံးသားတစ်စုံ💕
Poetry!ဒီအထိအတွေ့ ဒီအရသာ ဘယ်တော့မှ မေ့မှာမဟုတ်ဘူး...အရမ်းခံစားလို့ကောင်းတယ်...!