ဂျောင်ဂုအဘွားနဲ့အဒေါ်လာမယ်ပြော၍ ထယ်ယောင်းအထိတ်ထိတ်အပြာပြာဖြစ်သွားသည်။သူလည်းတစ်ခါမှ ဂျောင်ဂုအဘွားနဲ့အဒေါ်ကိုမမြင်ဖူးပါ ၊ သူတို့သားအမိအပေါ်အမြင်မကြည်တာတော့သိသည်။

"ဟုတ် ထယ် အစဥ်ပြေအောင်နေပါ့မယ်..."

"ထယ် ကိုယ် တစ်ခုမှားထားမယ်နော် တကယ်လို့ အဘွားနဲ့ ကိုယ့်အဒေါ်က ထယ့်ကို တစ်ခုခု ပြောခဲ့လို့ ရှိရင် ထယ် သီးခံပေးလိုက်ပါနော် သူတို့ကိုဘာမှပြန်မပြောပါနဲ့..."

"ဟုတ်ဂျွန် စိတ်ချပါ ထယ် သီးခံပါ့မယ်.."

"ကိုယ်က သူတို့တွေ ထယ့်ကို မမြင်မကြည်မှာဆိုးလို့​ပြောတာနော် ကိုယ်ပြောတာကိုနားလည်မှု့မလွဲနဲ့ သဘောပေါက်တယ်မှတ်လား..."

"ဟုတ် ဂျွန် ထယ် သဘောပေါက်ပါတယ်..."

"လိမ္မာလိုက်တာ ကိုယ့်ရဲ့ထယ်က.. "

ထယ်ယောင်းမှာတော့ ဂျောင်ဂုအပြောကိုဟန်လုပ်ပြုံးပြကာ သူ့စိတ်ထဲမှာတော့ ကြောက်နေပြီဖြစ်သည်။ ဂျောင်ဂုအဘွားနဲ့အဒေါ်လာရင် သူ့ကို ဘယ်လိုတွေပြုမူမလည်းဆိုတာ ကြိုပြီးတွေးနေရပြီဖြစ်သည်။

"ဂျွန် ဒါနဲ့လေ ဒီတစ်ပတ်ဆေးရုံရက်ချိန်းကြရင် ဂျွန်ဆေးရုံကိုလိုက်ခဲ့ပေးပါလားဟင်.."

"လိုက်ပေးမှာပေါ့ထယ်ရဲ့ ထယ်သွားမဲ့နေ့ကိုသာပြော ကိုယ် လိုက်မှာပေါ့.."

ဂျောင်ဂုက လိုက်မယ်ပြော၍ ထယ်ယောင်းမှာ ဝမ်းသာသွားတော့သည်။

"ဟုတ်ဂျွန်... "

####

"မေမေ .."

"ဟယ် သားလေး လာလည်တယ်..."

"ဟုတ် မေမေ ဒါနဲ့ ဒယ်ဒီရော..."

"သား ဒယ်ဒီကအိပ်နေတယ် သားရဲ့.."

"အော်.."

"သားလေး နေရောကောင်းရဲ့လား မျက်နှာက ညှိုးနေတာပဲ.."

"ကောင်းပါတယ် မေမေရယ်...ဒါပင်မဲ့ စိတ်ညစ်စရာလေးရှိလို့..."

"ဘာစိတ်ညစ်စရာရှိလို့လည်း သားဂျောင်ဂုနဲ့အစဥ်မပြေလို့လား...."

"မဟုတ်ပါဘူး မေမေရယ် ဟိုလေ ဂျွန်အဘွားနဲ့ အဒေါ်က နောက်တစ်ပတ်ထဲ ကိုရီးယားကိုလာမလို့တဲ အဲ့ဒါ သူတို့က ကျွန်တော်တို့အိမ်မှာတည်းမှာတဲ့ ကျွန်တော် ဘယ်လိုလုပ်ရမလည်းမေမေ...ကျွန်တော် ဂျွန် အဘွားနဲ့အဒေါ်ကိုကြောက်တယ်...သူတို့က ကျွန်တော်တို့သားအမိကို အမြင်ကြည်တာမဟုတ်ဘူး... "

တွယ်ငြိမိတဲ့နှလုံးသားတစ်စုံ💕Where stories live. Discover now