ထိုစကားကြောင့် ရှီကျင်းလည်း tabletကိုလက်ထဲမှချကာ လှည့်ကြည့်လာသည်။

"မင်းက Gua Jiuနဲ့အတူ ဒီမှာနေခဲ့"
လျန်ကျွင်းသည် ရှီကျင်းဘာတွေးနေသလဲကိုနားလည်သည့်အလား လူငယ်လေးစကားမဟခင်တည်းက ကြိုတင်ပိတ်ပင်လိုက်သည်။

ရှီကျင်းမျက်မှောင်ကြုတ်လျက်
"ဒါကျွန်တော့်ကိုစိတ်မအေးစေဘူးနော်"

"မင်းကိုနေခဲ့စေချင်တယ်။ဒါကမင်းကိုကာကွယ်ပေးချင်တာနဲ့မဆိုင်ဘူး နောက်တန်းကိုကြီးကြပ်ဖို့မင်းကိုလိုအပ်လို့ပဲ။မုန်လလိုလူမျိုးက သတိကြီးပြီးကောက်ကျစ်တဲ့အတွက် အကြံပေါင်းစုံလုပ်ထားမှာသေချာတယ်၊ကျိုယန်နဲ့ပူးပေါင်းမှုအပေါ် သူ့ဘက်ကသံသယရှိသည်ဖြစ်စေမရှိသည်ဖြစ်စေ မင်းကကိုယ့်အတွက်ဘယ်လောက်အရေးပါတဲ့သူဖြစ်တယ်ဆိုတာကို သူသဘောပေါက်သွားပြီ။အဲ့တာကြောင့် backup planလုပ်ပြီး မင်းကိုရဖို့ အခွင့်အရေးရှာမှာ သေချာသလောက်ပဲ။အကယ်၍ Gumfireဘက်က ဒီနေရာကိုပစ်မှတ်ထားလာခဲ့ရင် ကိုယ်နဲ့Gua Erလစ်ဟင်းတဲ့နေရာမှာ မင်းကရှေ့ထွက်ဦးဆောင်ပြီး တိုက်ခိုက်တာကိုတားဆီးဖို့လိုအပ်တယ်။မင်းကိုယ်မင်းလည်း ကာကွယ်ရမယ်"
လျန်ကျွင်းဟာ လေးလေးနက်နက်ရှင်းပြသည်။

"ဒါက မင်းသီးသန့်ဦးဆောင်ဖြေရှင်းရမဲ့ပထမဆုံးမစ်ရှင်ပဲ။ဒီတစ်ကြိမ်မှာ မင်းအနောက်မှာအားကိုးစရာဘယ်သူမှမရှိတော့ဘူး။ဒီဆေးရုံမှာရှိတဲ့လူအားလုံးက မင်းလက်ထဲမှာပဲရှိပြီး သူတို့လုံခြုံရေးအတွက် မင်းမှာတာဝန်ရှိသွားပြီ။ ဒါကြောင့် အရင်ကထက်ပိုပြီးသတိရှိဖို့လိုတယ် မင်းလုပ်နိုင်လား?"

လျန်ကျွင်းဘက်မှစကားအများကြီးပြောလာပြီဖြစ်တဲ့အတွက် သူပြောသလိုအခြေအနေမျိုးက ဖြစ်ခဲတာကို ရှီကျင်းသိလျက်နဲ့ပဲ လျန်ကျွင်းနောက်လိုက်မဲ့စိတ်ကူးကို ဖိနှပ်ကာ ခေါင်းညိတ်လိုက်ရသည်။

"ဟုတ်ကဲ့ ကျွန်တော်နောက်တန်းကိုကြီးကြပ်ပြီး အားလုံးကိုကာကွယ်ဖို့အစွမ်းကုန်ကြီးစားပါမယ်"

"အင်း မင်းလုပ်နိုင်မယ်ဆိုတာကိုယ်ယုံတယ်"
လျန်ကျွင်းမျက်ခုံးတို့တွန့်ကွေးသည်များဖြေလျော့သွားကာ ရှီကျင်းလက်ကိုဆုပ်ထွေးလိုက်သည်။

 သေခြင်းတရား ယူနစ်ဘား [ဘာသာပြန်]Where stories live. Discover now